Thirty-Eight 🌷 Uni

1.8K 205 35
                                    

ဆိုဖာပေါ် လှဲအိပ်နေရာမှ ဖြည်းဖြည်းချင်း Baekhyun ထထိုင်လိုက်သည်။ သူနိုးလာပြီဆိုတော့ ဒီအချိန်ကညနေစောင်းပေါ့။

ပျင်းရိငြီးငွေ့စရာကောင်းလှတဲ့ အချိန် ခြောက်နာရီလောက်ကို တယောက်ထဲ အထီးကျန်စွာဖြတ်သန်းပြီးတော့မှ အိပ်စက်နားနေခွင့်ရတော့မယ့် ဒီလိုဘဝမျိုးမှာ ရက်ပေါင်းဘယ်လောက်ကြာအောင်နေခဲ့ရလဲဆိုတာ သတိမရနိုင်တဲ့အထိ မှတ်ဥာဏ်တွေက ပြန်ရှာဖွေလို့မရအောင်ပဲ ဝေဝါးလွန်းနေသည်။

" နိုးပြီလား... Arjumma က ညနေစာမုန့်နဲ့ အချိုရည်ပြင်ထားပေးပါတယ်။ စားလိုက်ဦးနော် "

နိုးလာတာနဲ့ အယ်ရီ့အသံအရင်ကြားရသည်။
Mong Mong လေးကတော့ နေသိပ်မကောင်းလို့ Arjumma က တိရစ္ဆာန်ဆရာဝန်နဲ့ပြပေးပြီး အိမ်ခေါ်ထားတာ တပတ်လောက်ရှိပြီ။

" ညစာလည်း မစားပဲမနေပါနဲ့လို့ Appa က မှာထားပါတယ်။ Baekhyunnee ညစာမစားရင် မနက်ကျ သူ ဗိုက်အောင့်လို့ပါတဲ့ "

အရင်ဆုံးရေတခွက်သောက်ပြီး လည်ချောင်းရှင်းလိုက်သည်။ ညနေစာတို့ ညစာတို့ကို စားချင်စိတ်မရှိလွန်းလို့ တလုတ်နှစ်လုတ်ထပ်ပိုမဝင်တာ သူ့ကိုယ်သူ အသိဆုံး။

မနက်ဆို ဗိုက်အောင့်နေတတ်တဲ့ Light ကို အားနာရပေမယ့် အသက်ရှင်နေဖို့ အကြောင်းပြချက်လေး တခုတလေတောင်ရှိမနေတဲ့ ဘဝမှာ ဘာမှမစားနိုင်မသောက်နိုင်ပဲ ဆိုဖာပေါ်ထိုင်ကာ ဂစ်တာလေးတလုံးပိုက်ပြီး ရောက်တတ်ရာရာသီချင်းတွေ ဆိုညည်းနေဖို့လောက်သာ သူလုပ်ဖြစ်တော့သည်။

" Never gonna let you go..
Given you my heart and soul..
I'll be right here with you for life... "

ဘယ်သူရေးထားခဲ့မှန်းမသိပေမယ့် အယ်ရီ့ system ထဲမှာ ရောက်နေတဲ့သီချင်းလေးက Baekhyun ကို သိချင်စိတ်ပြင်းပြစေသည်။ ဆိုထားတဲ့သူကလည်း Key တွေက အမြီးအမောက်သိပ်မတည့်ချင်တာမို့ ကိုယ်နဲ့မသိတဲ့ အပျော်တမ်းအဆိုတော်တယောက်လို့ ပထမတုံးကထင်ဖူးသည်။ အိမ်တံခါးကို ညတိုင်းလိုလို လာခေါက်ပြီး အော်ခေါ်နေတတ်တဲ့ တစုံတယောက်ရဲ့ အသံကို မကြားမိခင်အထိပေါ့။

" ဒုန်း !! ဒုန်း !! "

" Baekhyun !!! "

ဟော....တွေ့လား..
သူ ရောက်လာပြန်ပြီ။

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Where stories live. Discover now