Forgiveness🌷
.
.
.
.
.
'' Sohee yaa … ''ိဖြူလွသော နှင်းမှုန်စလေးတွေကျဲဖြန့်ထားသလို အရပ်ရှစ်မျက်နှာတိုင်းမှာ နှင်းပွင့်တွေ
ရစ်သိုင်းကာ တဖွဲဖွဲကျဆင်းနေသော
နေရာလေးတခုဆီ Baekhyun
ရောက်နေပြန်ပြီ။ဒါ အိပ်မက်မဟုတ်လား။
အမြင်အာရုံချို့ယွင်းနေတဲ့ သူတယောက်
အတွက်တော့ သူ့ရှေ့မှာ ကိုယ်ထင်ပြလာတဲ့
မိန်းကလေးတယောက်ရဲ့ပါးပေါ်ကပါးချိုင့်
နက်နက်လေးအထိတောင် မြင်နေတယ် ဆိုတဲ့
အနေအထားမျိုးဟာ အိပ်မက်မဟုတ်ရင်
ဘာများဖြစ်နိုင်ဦးမှာမို့လဲ။ပြီးတော့ ဒီ မိန်းကလေးဟာ တခြားသူမဟုတ်။
သူ့စိတ်ထဲ နေရာအပြည့်ယူထားသော
တလောကလုံးမှာ အချစ်ရဆုံးသောသူရဲ့
တဦးတည်းသော ညီမလေး…Park Soheeမျက်နှာလေးကို သေချာမမြင်ရပေမယ့်လည်း
သူတို့ကြားထဲက သံယောဇဉ်အထုံးအဖွဲ့မှာ
ကြိုးမျှင်လေးတခုထက်ပိုနေခဲ့ကြောင်းကို
အရိပ်အမြွက်အားဖြင့် သိခဲ့ရသည်။'' Hyunnie … ''
အေးခဲခြောက်ကပ်နေတဲ့ သစ်ရွက်ချင်းပွတ်
တိုက်သံတွေရဲ့ ကြားမှာ သူမှတ်မိသော
အမည်နာမတခုကို ဆိုညည်းနေခဲ့သည့်
အသံတိုးဖွဖွ ၏ ပိုင်ရှင်သည် သူ့ရှေ့မှာ
ခြေစုံရပ်လျက်ရှိခဲ့သည်။'' So… Sohee ? ''
'' ငါ့အစ်ကိုနဲ့ ထပ်မတွေ့ပါနဲ့လို့ နင့်ကို
ဘယ်နှခါပြောရမလဲ Hyunnie ရယ် ''လေသံက ခပ်နွေးနွေးပေမယ့် စကားလုံးတွေက
သူ့နှလုံးသားကို ဓားနဲ့အစိမ်းလိုက်
ထိုးခွဲသွားသလိုပြင်းထန်လွန်းနေသည်။'' ဒါ ဘယ်နေရာလဲ သိလား ''
မျက်စိရှေ့မြင်လိုက်ရတာက မီးပွိုင့်လေးတခုရယ်… လမ်းပေါ်မှာ အဆက်မပြတ်ပြေးလွှား
နေကြတဲ့ ကားမျိုးစုံရယ်။'' ဒီ… ဒီ နေရာက … ''
'' ဟုတ်တယ်…Hyunnie။
ခနလောက် သေချာကြည့်ပါဦး။
ဘာတွေဖြစ်ခဲ့သလဲလို့ ''ပလက်ဖောင်းပေါ်ကို အင်္ကျီကြယ်သီးတဝက်
ပျက်နဲ့ ဆံပင်တွေကလည်းဖရိုဖရဲဖြစ်ကာ
ခြေလှမ်းအပျက်ပျက်အယွင်းယွင်းနဲ့
ရောက်လာတဲ့ ကောင်လေးတယောက်ဟာ
လူကူးမီးပွိုင့်နီလာတဲ့အခါမှ
လမ်းဖြတ်ကူးတာ သူမြင်လိုက်ရသည်။
YOU ARE READING
Forgiveness (용서) Zgi + Uni 🌷( COMPLETED )
Fanfictionအချစ်ထက်ပိုပါတယ် Yeol ကျနော့်ကို အချစ်နဲ့ အမုန်းတွေအချိုးအစားမကျတကျ ရောမွှေပြီးပေးခဲ့တာအားလုံးကို ကျနော်တခုမှ မငြင်းပဲ လက်ခံလိုက်တဲ့အခါ ယောလ်စိတ်ထဲက နာကျည်းမှုတွေ နဲနဲလောက်ပဲဖြစ်ဖြစ်သက်သာသွားမယ်ဆိုရင် ဒီကောင့်ရင်ထဲက မီးတောက်မီးလျှံတွေကြားမှာတောင် ဆာကူ...