Eight 🌷

3.8K 430 34
                                    

Forgiveness 🌷

2013 (First year of Uni life)

မနက်ခင်းနေရောင်ခြည်ကလေးက
မျက်နှာပေါ် ခပ်နွေးနွေး ဆင်းသက်လာ
တာကြောင့် Baekhyun တယောက်
အိပ်ရာထဲလူးလွန့်ရင်း ကိုယ်ပေါ်ကစောင်ကို
ခွာလိုက်ပြီး ဖြည်းဖြည်းချင်း
ထထိုင်လိုက်သည်။

ကိုက်ခဲနောက်ကျိနေတဲ့ခေါင်းကိုမော့ပြီး
လည်ပင်းကို ဘယ်ညာဖြည်းဖြည်းချင်း
ချိုးလိုက်တော့ နာကျင်တောင့်ခဲနေလို့
ထွက်လာတဲ့ ညည်းညူသံလေးအဆုံးမှာ
သူတော်တော်မုန်းတဲ့ ဘီယာနံ့က
ပါးစပ်ထဲမှ ထွက်လာလေသည်

''Light ကွာ ညကဘယ်လောက်တောင်
သောက်လဲ မသိဘူး ကြွက်တွင်းကောင် ''

တပတ်မှာ သုံးလေးညလောက်
သွားချင်ရာသွား လုပ်ချင်ရာလုပ်
သောက်ချင်တာတွေသောက်နေတဲ့
ကိုယ်ရဲ့နောက်ကိုယ်တခြမ်းကို ပြန်ဆဲရင်း
မနက်အိပ်ရာကနိုးတိုင်းဖွင့်ဖတ်နေကျဖြစ်တဲ့
အိပ်ရာဘေးနား ခုံပေါ်က စာအုပ်လေးကို
လက်လှမ်းမိသည်။

ဒီစာအုပ်လေးထဲက Light ရဲ့
ရှည်လျားများပြားလှစွာသော
အမှာစကားတွေကိုဖတ်ပြီးမှ
အိပ်ရာထဲကထနိုင်တာမဟုတ်လား

''Baekhyunnie ရေ''

လက်ရေးကလဲ ပဲပင်ပေါက်ဘိုးအေကို
ဓာတ်လိုက်ပြီး Cheeကား
တက်ကြိတ်ထားသလိုပဲ
မူးပြီးရေးထားတာနေမှာပေါ့

''ငါဒီနေ့ သွားတဲ့ Bar မှာ
သီချင်း  ဆိုချင်လို့''

ဘုရား… ဘုရား

Light တကောင်ရူးများနေလားမသိဘူး

Bar ဆိုတဲ့နေရာတွေက လူတွေအများကြီးလာကြတာ အဲ့အထဲမှာ
ကိုယ့်အသိမိတ်ဆွေတွေ ဒါမှမဟုတ်
ကျောင်းကဆရာတွေ စီနီယာတွေ
တယောက်မဟုတ်တယောက်နဲ့
တွေ့သွားနိုင်တယ်လေ

Baekhyun နဲ့ Light အကြောင်း
အရင်ထဲကသိနေတဲ့
Jongin တို့သားအဖကလွဲပြီး
ညဖက်အပြင်ထွက်လာမယ့်
Baekhyun ကိုယ်ထဲက Light ကို
တခြား ဘယ်သူမှ သတိထားမိလို့မဖြစ်

ညဖက်အပြင်ထွက်ရင် Baekhyun အသိ
ဖေဖေ့အသိတွေနဲ့ မဆုံမိအောင်လို့ကို
ဖေဖေက Light အတွက်
Hoodieအကြီးကြီးတွေရယ်
မျက်မှန် နဲ့
ဦးထုပ်ပုံစံအမျိုးမျိုးရယ်

Forgiveness (용서) Zgi + Uni 🌷( COMPLETED )Donde viven las historias. Descúbrelo ahora