🌺 3 🌺

8K 570 26
                                    


" ရှင်​... ​ကျောင်း​တွေလည်းဖွင့်​​တော့မှာ​နော်​...
ဒီနှစ်​လည်း ရှင်​ ဘဲ Roll 1 ချိတ်​ဦးမှာပါကွာ... ကိုကျိန်​ရဲတယ်​... ကို့ရဲ့အချစ်​က​လေးက သိပ်​​တော်​တာကို... ''

တစ်​ချိန်​ကသူ​ပြောခဲ့ဖူး​သောစကား​တွေက နားထဲမှာတစ်​ခွန်းချင်​စီကြား​ယောင်​လာပြန်​​တော့ စွဲညှို့ရှင်​ သူမနား​လေးကိုလက်​နှစ်​ဖက်​ဖြင့်​ပိတ်​ကာ သက်​ပြင်းတစ်​ချက်​ကို ချမိပြန်​သည်​ ။

ဖောက်​ပြန်​တတ်​​သော ​ယောင်္ကျား​တွေအ​ကြောင်းကြားဖူးခဲ့​ပေမယ့်​ သူမကိုယ်​တိုင်​​သေချာ​ရွေးပြီးမှ တွဲခဲ့သည့်​ စွမ်းထက်​ဆိုသည့်​​ယောင်္ကျားက​တော့ မပါနိုင်​ဟုထင်​ခဲ့သည်​ ။

ယခုခုန်​မည့်​ခုန်​​တော့လည်း အနီးဆုံးခြံဖြစ်​သည့်​ သူမ၏အချစ်​ဆုံးသူငယ်​ချင်းဆီသို့ ။ မျက်​နှာ​ပြောင်​လှ​သောထိုနှစ်​​ယောက်​ကို သူမရွံမုန်းလှပါ၏ ။ ဒါကို ကြားရသည့်​သတင်း​တွေအရ ​နောက်​နှစ်​ဝက်​​လောက်​ဆိုရင်​ မင်္ဂလာ​ဆောင်​​တော့မလိုလို ။

သူမဘဝမှာ အရာရာပြည့်​စုံခဲ့၏။ ရုပ်​ရည်​၊ ပညာအရည်​အချင်း၊ စိတ်​ဓာတ်​ ၊ အသိဉာဏ်​ဗဟုသုတ အားလုံးက လူတိုင်းအားကျ​လောက်​ဖွယ်​အ​နေအထား​တွေကိုပိုင်​ဆိုင်​ထားခဲ့၏ ။
ထို့အပြင်​ သူမသည်​ Korean dance teacher တစ်​​ယောက်​အဖြစ်​ ​ကျောင်းတွင်း​ကျောင်းပြင်​ သတင်း​မွှေး​နေသူ ။

ဒီလိုဂုဏ်​ဒြပ်​​တွေပိုင်​ဆိုင်​ထားပါလျှက်​ အလုခံလိုက်​ရသည်​ဆို​သော နာမည်​ဆိုးကြီးက သိပ်​ကိုခံပြင်းစရာ​ကောင်းလွန်းလှသည်​ ။ အခုချိန်​မှာ​တော့ စိတ်​တို​နေရုံမှလွဲ၍ ဘာမှလည်းမလုပ်​နိုင်​​တော့သည်​​ကြောင့်​....

....

" မမရှိလားဗျ...''

ရာတစ်​​ယောက်​ထဲအိမ်​မှာရှိစဉ်​ အိမ်​​ရှေ့ပန်းခြံ​လေးထဲမှာ လမ်း​လျှောက်​ရင်း အိမ်​​ပေါက်​ဝကအသံကြားလိုက်​သည်​​ကြောင့်​ လှည့်​ကြည့်​မိ​တော့ အရပ်​ရှည်​ရှည်​ ဖြူသွယ်​သွယ်​​ယောင်္ကျားတစ်​​ယောက်​ ။ အသက်​က​တော့ ရာ့ထက်​ကြီးပုံ​ပေါ်၏ ။

စရော (completed) Donde viven las historias. Descúbrelo ahora