28

4.6K 356 14
                                    


ဇာတ်သိမ်းမလှတဲ့ ရုပ်ရှင်တွေဟာ သိပ်ကို လက်တွေ့ဆန်သတဲ့... အဆုံးသတ်မှာ မင်းသားနဲ့ မင်းသမီး ညားကြလေသတည်းဆိုတာ ပုံပြင်ထဲမှာဘဲ ရှိတာမျိုး..... ။

🦋

အချစ်က လူတွေကို ရူးသွပ်စေသလား ။ ချစ်ရသူရဲ့ ကိုယ်လုံးလေးကို ခပ်တင်းတင်းပွေ့ဖက်ထားရင်း တွေးနေမိသည် ။ အချစ်ကြောင့် အရာရာကို ခွင့်လွှတ်ပေးနိုင်မှာလား ။

အဖြေမရှိတဲ့ မေးခွန်းတွေဟာ အခက်ခဲဆုံး။ ဒီနေ့ပီးသွားရင် စစ်မက်ခြံရံကို ဘယ်လိုစီရင်ရမယ်ဆိုတာ သူမမှာ အဖြေမရှိ ။

မ ဘက်ကို မကြည့်ဘဲ ဥပဒေကြောင်းအရဘဲ အပြစ်ပေးလိုက်ရင်ရော... ။ သူမအိမ်ပေါ်မှာ နေနေတာ မ တစ်ယောက်ထဲ မဟုတ် ။ ပြေလည်ကာစ ဆက်ဆံရေးတစ်ခုကို ပြန်ပီး ဆိုးဝါးမသွားအောင် ဘယ်လို ထိန်းရမယ်ဆိုတာ သူမ မသိ ။

ဖြစ်နိုင်ရင် အရာအားလုံးကို စွန့်လွှတ်ခဲ့ပီး မနဲ့အတူတူ ထွက်သွားချင်သည် ။ လူတွေနဲ့ဝေးရာ စိတ်ဆင်းရဲခြင်းတွေရဲ့ အဝေးမှာ မနဲ့ နှစ်ယောက်ထဲ.. ။

" ရာနည်းနည်း ခေါင်းတွေနောက်နေလို့ သံပုရာရည်လေးဖြစ်ဖြစ် အေးအေးလေးဖျော်ပေးမလား... ''

ရင်ခွင်ထဲမှာ ခေါင်းလေးဝှက်ရင်း နေနေတဲ့ မက စိုးရိမ်နဲ့ မျက်လုံးတွေနဲ့ မော့ကြည့်လာ၏ ။ သိပ်မပြုစားပါနဲ့လား မရယ်... ။ အခုချိန်မှာသာ အကြောင်းတစ်ခုခုကြောင့် ကွဲသွားရင်... ရာ တကယ် ရင်ကျိုးရလိမ့်မယ်.... ။

" သံပုရာအစေ့လေးပါ ထည့်ပီး ဖျော်ခဲ့မှာမို့ သေချာသောက်ရမယ်နော်... ရာ အခုတလော အရမ်း ပင်ပန်းနေတယ်... ''

" အွန်း... ''

မ အခန်းထဲက ထွက်သွားတာနဲ့ စားပွဲပေါ်တင်ထားတဲ့ ရာ့ဖုန်းလေး မြည်လာတာကြောင့် caller name ကိုကြည့်လိုက်တော့ ကိုသက်...။

" Hello ''

" Hello boss... ကျွန်တော် အရေးတကြီးပြောစရာရှိလို့ အိမ်ရှေ့မှာ ရောက်နေပီ... boss အိမ်မှာရှိလား လှမ်းမေးတာပါ ''

" ခဏနေရင် ကုမ္ပဏီကို လာမှာဘဲ... ဘယ်လောက်ထိ အရေးကြီးလို့လဲ... ''

စေရာ (completed) Where stories live. Discover now