" မဖြစ်နိုင်တာကြီးကို ရာခိုင်းနေတာမဟုတ်ဘူးလေ ကိုသက် သူအခုဘယ်မှာနေနေတယ်ဆိုတာနဲ့ အရင်ကဘာတွေလုပ်ခဲ့တယ်ဆိုတာဘဲသိချင်တာ ကျန်တာ ရာစိတ်မဝင်စားဘူး... ''" Ok. ထားလိုက်ပါတော့ ကိုသက်... ကိုသက်ကိုအားကိုးလို့မရရင် ရာကိုယ်တိုင်ဘဲ စုံစမ်းတော့မယ်... မနက်ဖြန်ကစပီး တစ်ပတ်လောက် ရာဆေးရုံက ရုံးခန်းမှာဘဲ ရှိမယ်... သေးသေးမွှားမွှားကိစ္စတွေ ရာ့ကို အစီရင်ခံဖို့မလိုဘူး ကိုသက်ကြည့်လုပ်လိုက်ပါ ''
ဖုန်းလေးကို စားပွဲပေါ် ပစ်ချလိုက်မိသည် ။ ဘာလို့လဲ... သူမအကြောင်းလေးတွေ သိချင်တာကို ဘာလို့ခက်ခဲနေရတာလဲ... ။
...
" စေရာ .. ''
ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသည့် နာမည်တစ်ခု ။ ပထမဆုံး ကြားကြားချင်းက ဘယ်လိုမှ မယုံနိုင်အောင် ဖြစ်ရသည် ။ မျက်စိရှေ့မှာတင် ပုသေးသေးကောင်မလေးက ဆေးရုံကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်လာတယ်တဲ့လား ။
တစ်ဆင့်စကားများအရ ပိုင်ဆိုင်မှုက ဒါတင်မဟုတ်သေးဟုဆိုသည် ။ သူမက အရှိန်အဝါကြီးလာတော့ ကိုယ့်မိဘတွေလုပ်ခဲ့သည့်အဖြစ်တွေကို ပြန်မြင်ယောင်ရင်း ကိုယ့်ကိုယ်ကို သိမ်ငယ်လာခဲ့သည် ။
သူတို့ပိုင်ဆိုင်မှုတွေက နှစ်အတြော်ကာ မမကိုဆေးကုနေတာနှင့်ပင် ကုန်လုနေပီ ။ သူတစ်ယောက်၏ ဆရာဝန်လစာလေးနှင့် ရပ်တည်နေရသော အခွံသာကျန်တော့သည့် မိသားစု ။
တစ်ဆက်ထဲမှာ တွေးမိတာက ရာပြန်လာတာ သူတို့ကို လက်စားချေဖို့များလား ။ တိုက်တိုက်ဆိုင်ဆိုင် ဒီဆေးရုံမှာမှဖြစ်နေသည် ။ အခုချိန်မှာ ရာသာ ဆန္ဒရှိမယ်ဆိုရင် သူတို့ဘဝက ကုန်းကောက်စရာမရှိတော့အောင် မွဲသွားနိုင်သည့်အခြေအနေ ။
မမကတော့ ဘာဆိုဘာမှမသိသေးဘဲ အေးချမ်းစွာ အိပ်ပျော်နေပီ ။ မိဘတွေကလည်း ဘာမှမသိသေး ။ သူတစ်ယောက်မှာသာ အပူတွေ တပွေ့တပိုက် ။
ဘာဆိုဘာမှမတွေးနိုင်သေးခင် ပထမဆုံးခေါင်းထဲဝင်လာတာက မမကို ရာတွေ့သွားလို့မဖြစ် ။ ဘဝအရေးထက် အချစ်ရေးက ခေါင်းထဲအရင်ဝင်၏ ။