Bo peep... bo peep... bo peep... bo peep... bo peep... bo peep... bo peep.. ah... .... .... .... ... ... ... 🎼🎼ညနေလေးနာရီတိုင်း ရာ ကြည့်တတ်သည့် teen scoop အစီအစဉ်မှ သီချင်းတစ်ပုဒ်ကို လိုက်ကနေသော ကြောင်မလေးအား ယွန်းတံခါးအကွယ်ကနေငေးကြည့်နေမိသည် ။
လက်သီးဆုပ်လေးနှစ်ခုကို ပါးလေးမှာကပ်ရင်း သံစဉ်အလိုက်လှုပ်ရှားသွားပုံလေးက သိပ်ကိုချစ်ဖို့ကောင်းလွန်းလှသည် ။ သက်ရှိကြောင်ရုပ်ကလေးတစ်ရုပ်လို.......။
သို့သော် ယွန်းလိုပင်တံခါးအကွယ်လေးကနေ ကြည့်နေသူနောက်တစ်ဦးရှိသေးသည် ။
" T.ARA fan girl လား... စေရာက... ''
တံခါးဝကနေဝင်လာသောလူစိမ်းကိုမြင်ပြီးနောက် စေရာ့ဦးနှောက်တွေအပြေးအလွှား အလုပ်လုပ်ရတော့သည်။ ဒီလူကိုမြင်ဖူးသည်။ တစ်နေရာရာမှာ သေချာပေါက်ကို...
" စစ်မြတ်ခြံရံ... ''
" အဟား... မှတ်မိတာဘဲ... ဒါပေမယ့်မှားနေတယ်ဗျ.. ကျွန်တော့်နာမည် စစ်မက်ခြံရံပါ...
အသက်က. ၁၉. မန္တလေးဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားပါဗျ... ပြီးတော့ စေရာ့လိုဘဲ Kpoper တစ်ယောက်ပါ... ကျွန်တော်က BTS Fan boy, ARMY ချောချောလေးပါ နာမည်ခေါ်ရတာရှည်ရင် မမခေါ်သလို ရံလေးလို့ခေါ်လို့လည်းကပါတယ်ဗျ ''စကားရှည်လှသော ကိုဆေးကျောင်းသားကို ရာမျက်မှောင်ကျုံ့ရင်းသာကြည့်နေမိသည် ။. ဘယ်ဘဝကရေစက်လည်းတော့မသိ ။ ခပ်ချောချောမျက်နှာမှာ သွားတက်တွေပေါ်သည်ထိပြုံးရင်း စကားပြောတတ်သောကိုလူချောကို ရာသဘောမကျ။
" ဒီတစ်ခါတော့ တီချယ်ရှိပါတယ်... အိမ်ထဲမှာ... ''
လိုရင်းကိုခပ်ပြတ်ပြတ်ပြောပြီး ကိုယ့်သီချင်းကိုပြန်နားထောင်နေသောရာ့ကြောင့် စစ်မက်နည်းနည်းတော့ရှက်သွားရ၏ ။
" မုန့်ဖိုးကုန်ပြန်ပြီလား ရံလေး... ''
" ဟာဗျာ... မမကလည်း... ''