အချိန်တွေကုန်လာခဲ့တာ တစ်ရွေ့ရွေ့... ။
ဖုံးကွယ်မရသောနိယာမကြောင့် ရာနှင့် သူမအကြောင်းသည်လည်း ကျောင်းမှာ ခဏချင်း ပျံ့နှံ့သွားခဲ့သည် ။ တစ်ချို့က မကောင်းမြင်ဖြင့် ရှံ့ချချင်ကြသော်လည်း ယွန်းကတော့ ဂရုမစိုက်ပါ ။ ငယ်ငယ်ကတည်းက မုန်းတီးသည့်အကြည့်တွေနဲ့သာ ကြည့်လာရတော့ နေသားကျနေ၏ ။
အဆင်အပြေတာက ရာ ပင်ဖြစ်သည် ။ အခုတလော အစားလည်းသိပ်မစားဘဲ မျက်နှာလေးလည်း ချောင်ကျသွားသည် ။ အမြဲတမ်းမျက်နှာလေးကလည်း ညှိုးနေကာ ယွန်းသတိထားမိသလောက် ကျောင်းလစ်သည့်အချိန်လည်း များလာ၏ ။
" ရာ... ''
ပြတင်းပေါက်ဘောင်လေးကို နွဲ့နွဲ့လေးမှီကာ အပြင်ကိုငေးနေသော ရာက တွေတွေလေးငေးကြည့်လာ၏ ။
ထိုမျက်ဝန်းတွေ...
အသိစိတ်မဲ့နေသလို မျက်ဝန်းနက်တို့က သူမကို အရမ်းစိတ်ဖိစီးစေ၏ ။ ထိုမျက်ဝန်းတွေကို ဟိုတစ်ခါ ရာ သူ့ကို ဖွင့်ပြောခါနီးကသာ တစ်ခါမြင်ဖူးခဲ့ပီး နောက်ပိုင်း အဲ့ဒိအကြည့်တွေကို မမြင်ရခဲ့တာ ကြာပီ ။
" ဘာစိတ်ညစ်စရာရှိနေလဲ ကလေး... ''
သူလေးနောက်ကျောလေးကို မိမိရင်ခွင်ထဲနစ်နေအောင် ဖက်ထားလိုက်ပီး ပခုံးလေးပေါ်မေးတင်လိုက်တော့ ရာ့ဆီက သက်ပြင်းသဲ့သဲ့ချသံထွက်ပေါ်လာသည် ။
သူမစိတ်ထင်တာမမှားဘူးဆိုလျှင် ရာ့ကိုယ်လေးက အနည်းငယ်ပင် နွေးနေသယောင် ။
" ရာနည်းနည်း စိတ်ရှုပ်နေလို့ပါ မ ''
" ဒါဖြင့် ရာစိတ်ကြည်သွားအောင် မ သံပုရာရည်လေးဖျော်တိုက်ရမလား... မဟုတ်ရင်လည်း နွားနို့ပူပူလေးသောက်လေ.. နော်.. မ အခုသွားပြင်လိုက်မယ်နော်... ''
" တော်ပါတော့.... ''
စိတ်ရှုပ်နေသောအသံဖြင့် ရာကငြင်း၏ ။
" ဒါဖြင့် မ နားထင်ကိုနှိပ်ပေးရမလားဟင်.. သိပ်ပီး ခေါင်းကိုက်နေရင်... ''
" တော်ပါတော့ တော်ပါတော့ တော်ပါတော့... ''
ဖက်ထားသော သူမလက်တွေကို ဒေါသတကြီးဖယ်ချကာ ရာက အော်သည် ။ သူမရင်ခွင်ဆီကလည်း ရုန်းထွက်လိုက်သဖြင့် ယွန်း ကြောင် အ အ လေးကျန်ခဲ့၏ ။