အချစ်ဟာ ချိုမြိန်သလား...။ နွေးထွေးသလား... ။ သူမရဲ့အချစ်ကတော့ သူမလက်မောင်းပေါ်မှာအိပ်ပျော်နေတဲ့ သက်ရှိအရုပ်ကလေးသာ ဖြစ်သည် ။
လည်တိုင်ဖွေးဖွေးလေးပေါ်က နီရဲရဲအမှတ်အသားလေးကို လက်ဖြင့်ဖွဖွတို့ထိမိတော့ လန့်ပီးထယောင်လိုက်သော မက အသည်းယားစရာ ။
သူမနှစ်သက်သော နှုတ်ခမ်းဖူးဖူးလေးတွေဟာလည်း အခုမှ ပိုပီး ဆွဲဆောင်နေသယောင် ။ ညအမှောင်ဟာ စိတ်ရိုင်းတွေကို တွန်းအားပေးလေသလား ။
မကတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပေမယ့် ရာကတော့ သူတစ်ယောက်ထဲသိတဲ့ အပူတွေနဲ့ လောင်မြိုက်ရင်း စစ်ခင်းနေရသည် ။
" ဒီလူသားကို ဒီထပ်ပိုပီး အပိုင်ရဖို့ဆိုရင် မြန်မြန်လက်ထပ်ခွင့်တောင်းမှ ရတော့မှာဘဲ... ''
တပ်မက်မှုတွေကို မြိုသိပ်ရင်း မျက်လုံးကို ဇွတ်မှိတ်ကာ အိပ်ပျော်သွားဖို့ ကြိုးစားမိသည် ။
နာရီလက်တံရွေ့သံ တချက်ချက်က အခုမှ ပိုပီး ကျယ်နေသယောင်.. ။တစ်နာရီ နှစ်နာရီအထိ လူက အိပ်လို့မရ ။ ရာနဲ့ မ ဟာ ဒီထက်ပိုပီး နီးကပ်တဲ့အနေအထားတွေနဲ့ နေဖူးပေမယ့် တစ်ခါမှ ဒီလို စိတ်တွေ မဝင်ဖူး ။
မမျက်နှာလေးကို ကြည့်လိုက်ပြန်တော့ အပြစ်ကင်းစွာ အိပ်မောကျနေပြန်၏။ ရာ့မှာသာ တစ်ယောက်ထဲ ကမ္ဘာပျက်နေရ၏ ။
လက်မောင်းပေါ်က သူမခေါင်းလေးကို အသာအယာဖယ်ရင်း ဝရန်တာ ခဏထွက်ကာ လမ်းလျှောက်မိသည် ။ ဆောင်းဝင်စမို့ လေအေးအေးတိုက်ခတ်နေပေမယ့် ရာ့ရင်ထဲမှာတော့ ပူပူလောင်လောင် ။ တစ်ခုခုကို တောင့်တနေမိတာက ပြင်းပြင်းပြပြဖြစ်၏ ။
ရေခဲသေတ္တာထဲက ဘီယာတစ်ပုလင်းကို ဖောက်သောက်မိတော့ လည်ချောင်းတစ်လျှောက်အေးသွားပေမယ့် အရသာကတော့ ခါးသက်သက် ။
တစ်အိမ်လုံးအိပ်ပျော်နေချိန် တစ်ယောက်ထဲ ထိုင်သောက်ရင်း ကိုယ့်စိတ်ကိုယ် တည်ငြိမ်အောင်လုပ်နေရသည် ။
ဘီယာနှစ်ဘူးကုန်ချိန် ခပ်ထွေထွေဖြစ်လာပေမယ့် သောက်နေတာကို ရပ်မပစ်ချင်သေးတာကြောင့် သုံးဘူးမြောက်ဘူးကို ကိုင်ကာ အပေါ်ထပ်ကို ပြန်တက်မိသည် ။