" မချစ်ရင် နေပါ... မမုန်းလိုက်နဲ့ ရာရယ်... ''အရူးကြီးတစ်ယောက်လို... တကယ့်ကို အရူးကြီးတစ်ယောက်လို ။ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေနှင့် ဆံပင်ကလည်း ရှည်လာတော့ ဘုတ်သိုက်ဖြစ်နေသည် ။
အရက်တွေချည်းလှိမ့်သောက်ပီး ကောင်းကောင်းအိပ်မပျော်တာကြာတော့ မျက်တွင်းတွေကျကာ လူက စုတ်ပြတ်သတ်နေ၏ ။
ကြေရေနေသော အဝတ်အစားတွေနှင့် သူပုံဟာ ဟိုအရင် စစ်မက်ခြံရံနှင့် လားလားမှ မသက်ဆိုင် ။
အခုလည်း နံရံမှာ စီပီးချိတ်ထားသော ရာ့ပုံတွေကို ကြည့်ရင်း တစ်ယောက်ထဲ စကားတွေပြောနေမိပြန်သည် ။ အင်း... တကယ့်ကို အရူးတစ်ယောက်လိုပါဘဲ ရာ ကိုယ်အဲ့လောက်ထိ ချစ်မိသွားတာ ။
" ချစ်တဲ့သူတွေက အသက်ရှင်သည်ဖြစ်စေ.. သေသွားသည်ဖြစ်စေ အတူတူရှိနေရရင် ပျော်တယ်တဲ့.. ''
" ကိုယ်က ရှင်နေရတဲ့ ဘဝမှာ အတူတူမရှိနိုင်တော့ သေပီးသွားတဲ့ဘဝမှာ မင်းနားဘဲ နေမယ်.. ဘယ်တော့မှ မကျွတ်တဲ့ အချစ်သရဲကြီးလုပ်ပီး မင်းအနားမှာ နေချင်တယ် ရာ... ''
မျက်တွင်းနက်နက်တွေကို ဖြတ်ပီး ကျဆင်းလာတဲ့ မျက်ရည်တွေဟာ သူ့သစ္စာကို ကိုယ်စားပြုလေသလား ။
အရမ်းချစ်ခဲ့တာကလွဲရင်... ပိုင်ဆိုင်ဖို့နည်းမျိုးစုံသုံးပီး ကြိုးစားခဲ့တာကလွဲရင် ကျွန်တော်ကျူးလွန်မိတဲ့အပြစ်များ ရှိသလား ။
ဒီဇာတ်လမ်းမှာ ကျွန်တော်ဟာ မင်းသားမဟုတ်တဲ့ ဗီလိန် ။ လူတစ်ရာမှာ တစ်ယောက်လောက်တောင် ကျွန်တော့်နေရာက ဝင်ကြည့်ပီး ကျွန်တော့်ခံစားချက်တွေကို နားလည်ပေးနိုင်ရဲ့လား ။
ကံကြမ္မာက ကျွန်တော့်ကို ကျီစားတယ် ။ ကျွန်တော်အရမ်းချစ်မိသွားတဲ့သူကို ကျွန်တော်အရမ်းချစ်တဲ့ အမနဲ့ တွဲပေးတယ် ။
မင်းသားနဲ့ မင်းသမီး ဇာတ်သိမ်းပိုင်းမှာ ညားတဲ့ပုံပြင်တွေ ဇာတ်လမ်းတွေကိုဘဲ ကျွန်တော် ကြားဖူး ကြည့်ဖူးခဲ့တာပါ ။ ဒါကြောင့်မလို့လဲ သူတို့ ဒီလောက်ကြီးထိ အခက်အခဲတွေ အားလုံးကိုကျော်ပီး မချစ်နိုင်ဘူးလို့ ထင်ခဲ့မိတာ ။ အချိန်တန်ရင်တော့ မင်းသမီးဟာ မင်းသားနဲ့ဘဲ ညားကိုညားရမယ်လို့ ထင်ခဲ့မိတာ ။