🌺17🌺

5.2K 392 12
                                    

ကြိုပီး intro ဝင်ထားမယ်နော်... ဒီအပိုင်းက ပျင်းဖို့ကောင်းမှာ... ။










ပြက္ခဒိန်က စာရွက်ကလေးတွေ တစ်ရွက်ပီးတစ်ရွက် ကွယ်ပျောက်ကုန်တာကို တွေးရင်း ရာ ငေးငိုင်နေမိသည်။ ဘာလို့မှန်းမသိ ဒီနေ့ Ven ကို အရမ်း သတိရသည် ။ ငါးနှစ်လောက်အတွင်းမှာ ခေါ်နေကျ မ ဆိုတဲ့ နာမည်လေးပျောက်ပီး Ven ဟူသော အမည်ကသာ အစားထိုးဝင်ရောက်လာသည်အထိ သူမ စွဲလမ်းမိသည် ။ ။

ကျောင်းတက်နေသမျှ ကာလတစ်လျှောက်လုံးလည်း ရာ သည် အချေတစ်ယောက်အဖြစ်သာ နာမည်ကြီးသည် ။ ရာ တမင်ကြီး ချေနေတာတော့ မဟုတ်ပါ။ ရာ့ အတွေးတွေထဲမှာ Ven သာ ကြီးစိုးနေ၍ ဘယ်သူနဲ့မှ စကားမပြောဖြစ်တာ ဟုပြောလျှင် ပိုမှန်လိမ့်မည် ။ သည်လောက်ထိ သူမရူးသွပ်ခဲ့သည် ။

သို့သော် ပြန်စာမဲ့နေသည့် စာလေးတွေအကြောင်း တွေးမိရင်တော့ ရင်နာသည် ။ မရေးတော့ဘူးလား ဆိုတော့လည်း မဟုတ် ။ ရေးသည် ။ လစဉ်.. လတိုင်း ။

လတစ်လ၏ နောက်ဆုံးရက်တိုင်း မ ဆီကို သူမ စာရေးသည် ။ ကျန်တဲ့ရက်တွေမှာတော့ မ ကို ပြောချင်သည့် စကားလုံးတွေကို မှတ်စုစာအုပ်လေးထဲမှာသာ ရေးမှတ်ထားလေ့ရှိ၏ ။ Ven ကို သူမ သိပ်မလွမ်းပါ ။ အထပ်ငါးထပ်ပါသော သူမကိုယ်ပိုင် စာအုပ်စင်လေး၏ နှစ်ထပ်လုံးကို မှတ်စုစာအုပ်ကလေးတွေဖြင့် ပြည့်နေရုံလောက်ကလေးသာ ။

စားပွဲမှာထိုင်နေရင်း အကျင့်ပါနေသော လက်တွေက မှတ်စုစာအုပ်ကလေး ဆီသို့သာ... ။

နောက်ဆုံးကျန်နေသော စာရွက်ကလေးဆီကို လှန်လိုက်ရင်း အတွေးတွေက တောင်စဉ်ရေမရ ။

သို့သော် တစ်ခြားသူအကြောင်းမပါဘဲ Ven တစ်ယောက်ထဲ အကြောင်းတွေသာ... ။

...

အပ်ပေါက်ရာတွေ ပြည့်နှက်နေသော လက်ဖြူဖြူသေးသေးလေးတစ်ဖက်က ရုတ်တရက် လှုပ်ရှားသွားသည် ။

ဆေးရုံကုတင်ပေါ်မှာ ငါးနှစ်ကြာ မေ့မြောနေခဲ့သော မိန်းကလေးတစ်ယောက် ရုတ်တရက် အသက်ရှူတွေ မြန်လာသည် ။ ဘေးနားရှိ နှလုံးခုန်နှုန်းတိုင်းတာသည်ဟု ထင်ရသော စက်ကလည်း အချက်ပေးသံမည်၏ ။

စရော (completed) Dove le storie prendono vita. Scoprilo ora