သူလဲ သမီးကို မုန်းသွားလောက်ရောပေါ့ ဖေဖေ ...
အကြောင်းအရင်းမရှိ စပီးချစ်ခဲ့တဲ့သူဟာ သမီးဖြစ်ပီးတော့ ဘာအကြောင်းပြချက်မှမပေးဘဲ လမ်းခွဲခဲ့တဲ့သူကလည်း သမီးဘဲလေ...
သူ့ပတ်ဝန်းကျင် ၊ သူ့အသိုင်းအဝိုင်း ၊ သူ့ရဲ့ဂုဏ်သိက္ခာ အားလုံးကို လစ်လျူရှုပီး သူချစ်ပေးခဲ့တယ် ... ။
လိုလေသေးမရှိ ၊ အရာရာဖြည့်ဆည်းပေးပီးတော့...။နောက်ဆုံးမှာတော့ သမီးကဘဲ သူ့ကိုထားပစ်ခဲ့တာ ။
သူ့အချစ်တွေနဲ့မတန်အောင် သူ့ကိုစော်ကားပီး ထားပစ်ခဲ့တာ ။
အကယ်၍... အကယ်၍များပေါ့ ဖေဖေရယ် ... သူသမီးကို မမုန်းနေဘူးဆိုတာကြီးကမှ ထူးဆန်းနေဦးမယ်မလား...။
အခက်အခဲတွေကို ရင်ဆိုင်ဖို့အတွက် အားနည်းခဲ့တဲ့ သတ္တိတွေက သမီးနဲ့ သူ့ကြားထဲ ပိုပီး ဝေးကွာစေခဲ့တာဘဲ ဖေဖေ.. ။
စားပွဲပေါ်က မှန်ဘောင်လေးထဲမှာ ပြုံးပြုံးလေးရှိနေတဲ့ ဖေဖေက ရာ့မျက်ရည်တွေကို ထိန်းမနိုင်စေခဲ့ဘူး ။
ဟုတ်တယ်... ။
အသက်ဆယ့်ခြောက်နှစ်အရွယ် ချာတိတ်မလေးဟာ သူမရဲ့ချစ်ရသူကို လက်လွှတ်လိုက်ရပီး မကြာခင်မှာဘဲ သူမရဲ့ မှီတွယ်ရာကိုပါ စွန့်လွှတ်ခဲ့ရပြန်တယ် ။
မြန်မာ ပျက်လုံးတွေထဲကလို ပြောရရင်...
ရာ ကံမကောင်းဘူး...
ချစ်ရသူနဲ့ ဝေးခဲ့ရလို့ ။ဒါပေမယ့် ရာ ကံကောင်းတယ်...
ဖေဖေနဲ့အတူတူ ရှိနေနိုင်လို့... ။ရာ ကံမကောင်းပြန်ဘူး...
ရာရောက်ပီးမကြာဘူး ဖေဖေဆုံးတယ်... ။ဒါပေမယ့် ရာကံကောင်းတယ်...
ရာ့ရဲ့ အန်တီတွေဟာ ရာ့အပေါ် သိပ်ကို ကောင်းကြတယ် ။ ။ရာ ကံဆိုးပြန်တယ်...
ဖေဖေ့ရဲ့ ကုမ္ပဏီကို ဆက်ခံဖို့ ရာသဘောကျတဲ့ အင်ဂျင်နီယာ အလုပ်ကို စွန့်လွှတ်ရမယ် ။ဒါပေမယ့် ရာ သိပ်ကံကောင်းတယ် ။
ဖေဖေ့လုပ်ငန်းတွေဟာ မြန်မာပြည်မှာမို့ တစ်ချိန်မှာ သူမ မွေးရပ်မြေကို ပြန်ရနိုင်တယ် ။