လူတစ်ချို့ကပြောကြတယ် မ ရေ...။အိပ်မက်တွေက ဈေးကြီးသတဲ့...။ ရာ့အတွက်တော့ မနဲ့ပတ်သတ်တဲ့အရာမှန်သမျှက ဈေးကြီးပြီး အဖိုးတန်လှချည်ရဲ့ ။ Follower ပိတ်ထားတဲ့အပြင် fri request ကိုပါ လက်မခံတဲ့ မရဲ့ acc လေးကို တစ်နေ့လုံး ထိုင်ကြည့်နေဖို့ဘဲ တတ်နိုင်တဲ့အချိန်မှာ မနဲ့ fri ဖြစ်နေတဲ့လူတွေကို မနာလိုဖြစ်မိရုံကလွဲလို့........ လုပ်နိုင်တာမရှိခဲ့ဘူးဘဲ ။
အင်း..... mutual ဆိုပြီးပေါ်နေတဲ့ သူတွေကိုတော့ သတ်ပစ်လိုက်ချင်တဲ့ထိပေါ့ ။
" ရာ က မကို မြင်မြင်ချင်း ချစ်ခဲ့မိတာ သိတယ်မလား Taeyeon... ခုတော့ သူရှိနေတဲ့မြို့ကိုရောက်လာဖို့ ကံကြမ္မာကဖန်ဆင်းပေးလိုက်တယ်... ။ ရာ့တာဝန်ကတော့ ပြန်တွေ့အောင်ရှာဖို့ပေါ့နော်.... ''
မေမေဆုံးပြီးကတည်းက သူမရဲ့ဘဝတစ်လျှောက်လုံးမှာ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်လာသည့် နံရံပေါ်ရှိ ဓာတ်ပုံထဲလူကို ရင်ဖွင့်မိ၏ ။
ဒိုင်ယာရီမရေး ။ တစ်ဦးတစ်ယောက်ကိုမှ ဖွင့်ဟတိုင်ပင်ခြင်းမပြုခဲ့ပါဘဲနှင့် ပြုံးပြုံးလေးကြည့်နေသော Taeyeon သည်သာလျှင် သူမစကားအားလုံးကို နားထောင်ပေးသူဖြစ်ခဲ့သည် ။သူမအတွက် အရာအားလုံးသည်ချစ်ခြင်းမှစတင်၏ ။ ပခုက္ကူဆိုသည့်မြို့သည်လည်း သူမချစ်ခြင်းတို့တည်ရှိရာအရပ်ဖြစ်၏ ။ သို့သော် ကံအကြောင်းမလှစွာဖွင့် ငွေမက်သည့်မိန်းမတစ်ယောက်နှင့်တွေ့ဆုံခဲ့ရသည် ။
ဖေဖေပွေရှုပ်ခဲ့သည်ဟု သူမတွေးထင်ခဲ့သောဇာတ်လမ်းတစ်ပုဒ်မှာ ထိုမိန်းမသည်အဓိကတရားခံ ။
ခင်ဗျားကိုမုန်းတယ် ။ ဖေဖေနဲ့ခွဲနေရတာခင်ဗျားကြောင့် ။
ခင်ဗျားကိုမုန်းတယ် ။ ဖေဖေပြောင်းလဲသွားတာခင်ဗျားကြောင့် ။
မုန်းတယ် ။ မုန်းတယ် ။ အရမ်းမုန်းတယ် ဒေါ် ယွန်းဝါစင်္ဂ ။