" မင်းသိမှာပါ ကလေးမ ဦးတို့က မြိုမျ့က်နှာဖုံး သူဋ္ဌေးတွေဆိုတာ... ''သူမမျက်သိရှေ့မှာ ပိုက်ဆံထုပ်တစ်ထုပ်ရှိနေသည်။ တစ်သောင်းတန်တွေချည်းစည်းထားသော အထုပ်ထူထူကြီးသည် သူမအချစ်တွေ၏ တန်ကြေးပေလား ။
" မင်းအကြောင်းကိုစုံစမ်းကြည့်တော့ သိပ်ကြီးလည်း ဆင်းရဲတဲ့ပုံမပေါ်ပါဘူး မင်းအဖေက ရန်ကုန်မှာလုပ်ငန်းရှင်တစ်ယောက်ဆို... ဒါကို ဦးတို့သမီးကိုမြူစွယ်ပီးဘာလို့ ဒီမှာနေနေရသေးတာလဲ ''
" အို တော်စမ်းပါရှင် ဖြစ်ချင်တာကို ပြတ်ပြတ်ဘဲ ပြောစမ်းပါ ဒီမှာကလေးမ မင်းနေရပ်ကိုသာ မြန်မြန်ပြန်စမ်းပါအေ ပြန်ဖို့လမ်းစရိတ်နည်းနေသေးရင် ညည်းတောင်းသလောက် ငါတို့ပေးနိုင်တယ် အရေးကြီးတာက ဒီမြို့မှာ မင်းမရှိတော့ဖို့ ''
မျက်ရည်တွေကြောင့် အမြင်အာရုံတွေက ဝေဝါးစွာ။
မ အိမ်မှာမရှိသည့်အချိန် ရောက်လာပီး ဇာတ်လမ်းထဲမှာ မြင်နေကျပုံစံတွေအတိုင်း ပိုက်ဆံပေးကာ လူကို နှင်လွှတ်၏ ။
အမှန်အတိုင်း ဝန်ခံရလျှင် ရာ ကြောက်သည်။ တစ်ဘဝလုံးမှာ ဖေဖေရော ဆွေမျိုးတွေအားလုံးရောက ဆူဖို့နေနေသာသာ အသံမာမာနှင့်တောင် မပြောဖူး ။
အခုကြားရသည့်စကားတွေကလည်း အဆူခံနေရခြင်းမဟုတ် ။ ရာက သူတို့စည်းစိမ်တွေကို မက်မော၍ သိုက်လာတူးသော အပျက်မတစ်ယောက်ပမာ။
" ရာ ပိုက်ဆံတေကို မက်မောပီး မကို ချစ်ခဲ့တာ မဟုတ်ပါဘူး... ရာ ရာတကယ်... '' .
" တော်စမ်းပါအေ ''
ရှိုက်ငိုရင်း အားတင်းပြောလိုက်ရသော သူမစကားလုံးမှားသည် မ မေမေဆိုသူ မိန်းမကြီး၏ အော်သံအောက်တွင် တိမ်မြုပ်သွားရသည် ။
" ဘုရားမကြိုက် နတ်မကြိုက်တွေ ညည်းတို့မရှက်ပေမယ့် ငါရှက်တယ်အေ့ ''
ရွှေလက်ကောက်တွေဝတ်ထားသော လက်ကို ဆွဲကြိုးခပ်ကြီးကြီးဆွဲထားသော ရင်ဘတ်ကို တဘုန်းဘုန်းရိုက်ရင်း ပြောသော စကားများကို ရာ တတ်သက် မေ့တော့မည်မဟုတ် ။