🌺 9 🌺

6.5K 477 19
                                    


သူမ နှုတ်ခမ်းသားတွေဆီ .....

နူးညံ့မှုတွေဆီ....

ရင်ခုန်သံတို့၏ ခေါ်ဆောင်ရာနောက်ဆီ.....


















" ချယ်... မတ်တပ်ကြီး မေ့နေတာလား... ချယ်... ''

ရာ့အသံစူးစူးလေး နားထဲဝင်လာမှ ပြန်ပီးသတိကပ်မိတော့ ပထမဆုံးမြင်လိုက်ရသည်က သူ့ရှေ့မှာ မတ်တပ်ရပ်ရင်း သူမမျက်နှာရှေ့မှာ လက်ကလေးတစ်ဖက်ကို လှုပ်ရမ်းရင်း မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်နေသော ရာ... ။

" ချယ်လို့.... ဒါလေး မြည်းကြည့်ပေးပါဆို ကြောင်တောင်တောင်ကြီး ရပ်ပီး ဘာကြည့်နေတာလဲ... ''

" နမ်း.. ''

" အမ်... ''

သေစမ်း... အခုချိန်ထိ အတွေးတွေထဲက ရုန်းမထွက်နိုင်သေးဘူးလား ယွန်းဝါစင်္ဂ... နင် သတိကပ်စမ်း...

အတွေးတွေထဲကနေ နှုတ်ခမ်းချွန်ချွန်လုံးလုံးလေးကို ဇွတ်ထုတ်ပစ်ရင်း ကိုယ့်မျက်နှာကိုယ် ခပ်ဆတ်ဆတ်လေး ရိုက်ပစ်မိ၏ ။

" ချယ်...ဘာဖြစ်နေတာလဲလို့.. ''

လိပ်ပြာလေး ကလူ ကလူ... အမယ်လေး... ကိုယ့်စိတ်ကိုယ် အတတ်နိုင်ဆုံး ထိန်းချုပ်နေပါသည်ဆိုမှ မမလေးက လက်မောင်းတစ်ဖက်ကို လှုပ်ကိုင်ကာ ဇွတ်အတင်းတွေ ကပ်နေပြန်၏ ။

" ချယ်...ချယ်နည်းနည်းမူးနေလို့ ရာ... မမြည်းတော့ဘူးနော်... ချယ် အခန်းထဲ ပြန်တော့မယ်... ရာ အပူမလောင်အောင် ဂရုစိုက်နော်... ''

ပြောပြောပြေးပြေးဆိုသော စကားကို အရင်က နားမလည်ဖူးခဲ့ ။ သူမအဖြစ်က ကြီးမှဝက်သက်ပေါက်လေသလား... ။ မသေချာ မရေရာသော ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်မလေး တစ်ယောက်ကို ချစ်မိခဲ့ရာမှ မဖြစ်ဖူးတာတွေလည်းဖြစ် ။ မလုပ်ဖူးတာတွေလည်း လုပ်နေရ၏ ။ သူမလေးက ပြန်ချသ်နိုင်မလားဆိုတာကတော့ မသေချာသည့် အခြေအနေကြီး ။

တွေးမိတိုင်းရင်မောမိပေမယ့်...

သူမလေးကိုမှ အရူးအမူးချစ်မိနေသည်မို့.....

...

" နင်တို့အိမ်ကို ငါလာလည်ချင်လိုက်တာ ရာရယ်... ဂုန်းလည်းဆင်းရင်း ဟိုဆရာဝန်ချောချောလေးနဲ့လည်းတွေ့...အမယ်လေး သာယာလိုက်တာနော်.... ''

စရော (completed) Donde viven las historias. Descúbrelo ahora