" ချယ် တို့ စကားပြောဖို့ လိုပီလို့မထင်ဘူးလား ရာ ''သူမစိတ်ကြိုက် လူကိုလုပ်သွားပီးကာမှ စနေ တနဂ်နွေနှစ်ရက်စလုံး စကားလည်း လာမပြော အခန်းထဲကလည်း ထွက်မလာ ။ ယွန်းကိုယ်တိုင်ကလည်း ရှက်တာရော စဥ်းစားစရာတွေရှိတာရောကြောင့် သွားမတွေ့မိခဲ့ ။
ခုစိတ်ကို ဒုန်းဒုန်းချပီး သူ့အခန်းထဲကို တံခါးဖွင့်ပီး ဝင်သွားတော့ သူမလေးက အိပ်နေလေရဲ့ ။
နှစ်ရက်လုံး ဂရုမစိုက်မိသည်ကြောင့် သူမတစ်နေကုန်ဘာတွေစားနေသလဲဆိုတာတောင် မသိခဲ့ ။ ခုလည်း ပက်လက်ကလေး အိပ်နေပုံက စိတ်မချမ်းသာစရာ ။
နဂိုကတည်းက ပိန်သွယ်သွယ်ကောင်မလေးက ခုတော့ လည်ပင်းက ညှပ်ရိုးတွေတောင် ငေါထွက်နေလေရဲ့ ။
နှစ်ရက်လုံး သူမ အပြင်းအထန် စဥ်းစားခဲ့သည် ။ ရာသူမကို ဘာကြောင့် ဒီလိုလုပ်ခဲ့သလဲ ။ အဖြေက မထွက် ။ အခုတော့ သိရမှဖြစ်မည်ဟုတွေးကာ အရဲစွန့်ဝင်ခဲ့ခြင်း ။
" ရာ... ''
ပခုံးလေးကို ခပ်ဖွဖွကိုင်ကာ လှုပ်နှိုးမိသည် ။
လှုပ်ရှားမှု မရှိသော ခန္ဓာကိုယ်လေးကသာ တုံ့ပြန်လျှက် ။
" ထဦး ကလေး...''
မျက်ခွံတို့က ပွင့်မလာဘဲ ဘေးတစောင်းသာ ပြောင်းအိပ်သွားသော စေရာ ။
" စေရာ မင်း ငါ့ကို ထူးထူးဆန်းဆန်းတွေ လုပ်သွားပြီးတော့ အခုမှ မသိချင်ယောင်ဆောင်နေတာလား ''
သူမ အသံကို နည်းနည်းမြှင့်ကာအော်လိုက်မိတော့ ရာက ငေါက်ခနဲ ငုတ်တုတ်ထထိုင်၏ ။
" ဒါဆို လုပ်ခဲ့မိတာ အားလုံးအတွက် တာဝန်ယူမယ်ဆိုရင်ရော... ''
အညိုရောင်မျက်ဝန်းတစ်စုံသည် သူမ သဘောအကျဆုံးအရာတွေထဲက တစ်ခုဖြစ်ခဲ့၏ ။ သို့သော်လည်း အခုတော့ ထိုမျက်ဝန်းညိုတို့၏ အကြည့်ဆီမှ သူမကိုယ်တိုင် ကြိုးစားရှောင်ဖယ်နေခဲ့လျှက်... ။
" မင်း ဒို့ကို သိပ်ပြီး အထင်သေးလွန်းတယ် ရာ ''
အိပ်ရာခင်းကို တင်းတင်းဆုပ်ကိုင်ကာ နှလုံးသားဆန္ဒနှင့် ဆန့်ကျင်ဘက်ဖြစ်သော စကားတို့ကို ဆိုမိသည် ။