🌺 6 🌺

7K 514 37
                                    

" မဖြစ်​ပါဘူး.... ချယ်​ကဒီ​လောက်​ကိုယ်​​တွေခြစ်​ခြစ်​​တောက်​ပူပြီးဖျား​နေတာကို ရာက​ကျောင်းပွဲကိုဘာလို့သွားရမှာလဲ မသွားဘူး... ''

" ချယ်​ အဆင်​​ပြေတာမို့ သွားသင့်​တယ်​လို့ထင်​တယ်​ရာရယ်​... ဒါက ရာ့ရဲ့တက္ကသိုလ်​​ကျောင်းသားဘဝမှာ ပထမဆုံးပွဲမလား... ပြီး​တော့ ရာက selection ထဲမှာလည်းပါ​နေတာဘဲ... ချယ်​တို့​မေဂျာဂုဏ်​ကို ​ဆောင်​ပါဦးလားရာရယ်​... ဒီတစ်​​နေ့​လောက်​က ချယ်​သည်းခံလိုက်​လဲဖြစ်​ပါတယ်​...''

" ရှူး.............. ''

စကား​ပြောလို့မဆုံးခင်​ သူမနှုတ်​ခမ်း​ပေါ်ကျ​ရောက်​လာ​သော ဖြူသွယ်​သွယ်​လက်​ညှိုး​လေး.....

ကိုယ်​ပူရှိန်​နှစ်​ဆတက်​လာပြီး ရင်​ခုန်​နှုန်းကဆယ်​ဆမြန်​လာ၏ ။ တစ်​ကိုယ်​လုံး​စောင်​လုံ​အောင်​ခြုံထား​သော်​လည်း မျက်​နှာ​ပေါ်က ပါးမို့မို့​လေးနှစ်​ဖက်​က​တော့ ​ဆေးကူစရာမလိုဘဲ ရဲတက်​လာမှာက​တော့ အ​သေအချာ ။

" ချယ်​က အခုဖျား​နေတဲ့သူ ... ရာ​ပြောတာနား​ထောင်​ပါ ချယ်​... ရာ ဆန်​ပြုတ်​ပြုတ်​​ကျွေးမယ်​... အဲ့ဒါ​လေးစားပြီးရင်​ ​ဆေးခန်းကိုသွားကြစို့​နော်​... ''

နဖူးကို ကြင်​ကြင်​နာနာ​လေးစမ်းကာ ​ပြောသွား​သောရာသည်​ သူမကိုတစ်​ရစ်​ပြီးတစ်​ရစ်​ ပိုတိုးပြီးချစ်​မိသွား​အောင်​ လုပ်​​ဆောင်​​နေ​သော မူလီ​လေးတစ်​လုံးနှင့်​တူ၏ ။

စိတ်​ကူးကမ္ဘာထဲရှိ ရာ့အချစ်​ပန်းခင်းကြီးထဲတွင်​ ​ပြေးလွှား​နေရသည်​မှာ သာယာဖွယ်​​ကောင်း​ပေစွ ။
ပြီး​တော့ ရာ​လေးကို ​နောက်​​ကျော​လေးက​နေ ခပ်​တင်းတင်း​ပွေ့ဖက်​ထားမည်​ ။ ဖြူဖြူ​ဖွေး​ဖွေးလည်​တိုင်​တစ်​စုံကို အသည်းယားစွာနမ်းရှိုက်​မိရင်​ဖြင့်​  သူမ၏က​လေး​လေးက အရှက်​သည်းစွာ လက်​သီးဆုပ်​​သေး​သေး​လေးများဖြင့်​ ထုရိုက်​လာလိမ့်​မည်​ ။ ​လေအ​ဝေ့မှာ လွင့်​ပါသွား​သော ဆံနွယ်​တွေကိုအမြတ်​တနိုးနမ်းရှိုက်​မည်​ ။ ပြီး​တော့ ကိုယ့်​ရင်​ခွင်​ထဲမှာ က​လေး​သေး​သေး​လေးကို မြုပ်​​နေ​အောင်​ဖက်​ထားရင်း သာယာသည့်​ည​နေခင်း​လေးကိုဖန်​တီးပစ်​မည်​ ။

စရော (completed) Opowieści tętniące życiem. Odkryj je teraz