ပထမဆုံးပြောချင်တာက ဒီအပိုင်းကို ကိုရေးတာ မဟုတ်ပါဘူးနော်... ဟုတ်ကဲ့ ဒီအပိုင်းကိုရေးပီးတဲ့အချိန်မှာ အကြည်လေးဟာ ရှက်လွန်းပီး အငွေ့ပျံပျောက်ကွယ်သွားပါပီ 😣 အပြင်မှာသိတဲ့လူတွေရော fb က ခင်နေတဲ့သူတွေရော... မစကြေးပါနော်... 😅 aww နောက်ပီး စေရာ ရဲ့ ဇာတ်သိမ်းကို လုံးဝ အသေအချာ စဥ်းစားပီးသွားပါပီ တစ်နေကုန် စဥ်းစားခဲ့ရတာပါနော် ပြန်ပြောင်းဖို့ လုံးဝ မရှိတော့ပါဘူး...
နည်းနည်းလေးပြောပြရရင် ဒီနေ့တစ်နေကုန် Bunny Phyoe ရဲ့ နင်ပျော်ရင် သီချင်းကို အခေါက်တစ်ရာလောက် ဆက်တိုက်နားထောင်ခဲ့ပါတယ်လို့... 😌
Ok my note's end....
👇👇👇👇👇
စေရာ.. 13
" ရာ ကွာ မဆိုးနဲ့ ကလေးရာ... ကိုယ်က ငွေ့ငွေ့လေးပူနေပါတယ်ဆို... ဆေးသောက်ရမယ် အသဲလေးရဲ့... ရာဖျားရင် မဘဲ အရမ်း စိတ်ပူရမှာလေ... နော်... လိမ္မာတယ်နော် ကလေး... ''
လူတစ်ယောက်ထဲကို နာမည်တွေ သုံးလေးမျိုးခေါ်ကာ ဗျာများနေသော မ ကို ကြည့်ရင်း ရာ ပြုံးမိသည် ။ သို့သော် ဆေးမသောက်ချင်ဟု ဂျီကျထားသည့်အတွက် ပေါ်တင်ကြီးလည်း ပြုံးလို့မရသေး ။
သွားကိုတင်းတင်းစေ့ကာ ဆူထားသော နှုတ်ခမ်းကို ပုံမပျက်စေဘဲ စောင်ကိုခေါင်းမြီးခြုံလိုက်ပြီး မ မမြင်နိုင်တော့တာ သေချာပြီဆိုမှ ရာ ခိုးပြုံးမိ၏ ။
မ သာ သိသွားလို့ကတော့ ရာ့ကို လူလည်လေးဆိုပီး နှာခေါင်းကို ဖွဖွလေးဆွဲကာ အသည်းယားနေလေမလား ။
" ကလေးကွာ... ဆေးက မသောက်လို့မှ မရတာ ... နော်.. လိမ္မာတယ် ကလေးလေးက ''
ကုတင်ပေါ်ကို တင်ပါးလွှဲလေးဝင်ထိုင်ကာ စောင်ကိုဇွတ်အတင်းဆွဲချရင်း ပြောနေသော မကြောင့် ရာပြုံးနေသော မျက်နှာကြီးကို တည်အောင်မနည်းပြန်လုပ်ရင်း ကိုယ့်ဘာသာဘဲ စောင်ကို လှန်ကာကုန်းရုန်းထိုင်လိုက်သည် ။
" ဘာလုပ်ပေးမှာလဲ မ က... ဆေးသောက်ရင်... ''
" အို ဘာလုပ်ပေးရပေးရပေါ့ ... မရဲ့ ကလေးလေး ဆေးသောက်ပီး မဖျားတော့ရင်ရပီ ''