ဒီအပိုင်းက မနေ့ကတည်းက တင်ဖို့ပါ...
J ရေးပီးသားတွေ မ save လိုက်ရလို့ 😭😭
အကုန်ပြန်ရေးလိုက်ရတာပါ...🌺🌺
စိတ်နဲ့ကိုယ်နဲ့မကပ်ဘဲ ထိုင်နေမိတာ ဘယ်လောက်ကြာသွားပီမသိ ။ မိုးလေးတဖွဲဖွဲကျလာကာမှ အပြင်ကို သတိထားမိတော့ အမှောင်ထုက တဖြည်းဖြည်း ဝင်လာစပြုနေပီ ။ မနဲ့ အတူနေရကတည်းက ရာ အိမ်ပြန်နောက်ကျတာမျိုး မရှိတာကြောင့် မများ စိတ်ပူနေမလားဆိုပီး တွေးမိတော့ ရင်ထဲထိတ်ခနဲ ။
ဒါပေမယ့် ကိုယ့်အသက်ကိုရန်ရှာသူရှိနေတယ် ဆိုတဲ့ အသိကြောင့်လည်း အိမ်ကိုမပြန်ချင်ပြန် ။ သို့ပေမယ့်လည်း စိတ်ပူနေမည်ထင်ရသော မအတွက်ဘဲတွေးကာ အိမ်ပြန်ဖို့ ထွက်လာခဲ့လိုက်သည် ။
လမ်းတစ်လျှောက်လုံးလည်း မအကြောင်းဘဲ တွေးလာခဲ့ရင်း ခုန်နေသောနှလုံးသားလေးကိုလည်း လစ်လျုရှုခဲ့ရသေးသည် ။ မထင်မှတ်တာတွေ ဖြစ်လာခဲ့သော ဘဝကြီးမှာ အရာအားလုံးကို လွှတ်ချပီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ဘဲ နေချင်မိ၏ ။
ဒီဆုတောင်းလေးတစ်ခုကိုတောင် ဖြည့်မပေးသော ဘုရားသခင်သည်လည်း သူမအပေါ် ထပ်လောင်း ရက်စက်လေသလား ။
ခြံဝန်းထဲကို ကားလေးဝင်လာတာနဲ့ အိမ်ရှေ့ဆင်ဝင်နားမှာ ထီးလေးကိုင်ပီး ခေါက်တုန့်ခေါက်ပြန်လျှောက်နေသော မကိုမြင်တော့ အလိုလိုပြုံးမိပြန်သည် ။
အရာအားလုံးစွန့်လွှတ်ရရင်တောင် မကိုတော့ ဘေးနားမှာဘဲ အမြဲရှိနေစေချင်ခဲ့တာ ။ အားလုံးနဲ့လဲပီး သူမကိုဘဲ လိုချင်ခဲ့တာ ။
ကားတံခါးဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက် သူမဘေးကို ထီးလေးဆောင်းရင်း ရောက်လာသော မ ။
" ရာ အရမ်းနောက်ကျနေလို့... မက စိတ်ပူနေတာရာရယ်... နောက်ပီး မိုးတွေလည်းကျနေတော့ ကားမောင်းလို့ အဆင်မှ ပြေပါ့မလားလို့ ''
ဂါဝန်အဖြူလက်ပြတ်ကလေးဝတ်ထားသော မက ကလေးဆန်ဆန်လှပနေပြန်သည် ။ ဆံပင်လေးတွေကို နောက်မှစုစည်းထားတော့ မျက်နှာဝင်းဝင်းလေးနဲ့ နှုတ်ခမ်းရဲရဲလေးတွေက အလင်းမှိန်မှိန်အောက်မှာ ထင်းနေ၏ ။