" စွဲ ညှို့ ရှင် ဟုတ်တယ်မလား.. ''
ရာ့မျက်လုံးတွေ တလက်လက်တောက်ပနေ၏ ။ မျှော်လင့်ချက်အပြည့်နှင့်မျက်ဝန်းတွေဆိုတာဒါမျိုးလား.... ။ ယွန်းတစ်ယောက်ထဲတွေးမိ၏ ။ လှပသော မျက်ဝန်းမျက်ဆံလေးတွေကို မြင်နေရခြင်းက ပျော်ရွှင်ဖို့ကောင်းသော်လည်း ထိုမျက်ဝန်းနက်တို့၏ပိုင်ရှင်က သူမမဟုတ်ခြင်းသည် ငရဲအိုးထဲတွင် ဆီပူတို့ဖြင့်အကြော်ခံနေရသလို ပူလောင်လွန်းလှပါ၏ ။ ကိုယ့်တပည့်အရင်းခေါက်ခေါက်ကြီးဖြစ်သော်ငြား အချစ်နှင့်ပတ်သတ်ခဲ့သောအခါ စွဲညှို့ရှင်သည် သူမအတွက် ရန်သူမျိုးငါးပါးထဲသို့ သွတ်သွင်းခံလိုက်ရပြီဖြစ်၏။ ကိုယ့်တပည့်ကို ဂျေဝင်နေရသည်မှာ စိတ်ထဲသိပ်တော့မကောင်း။
ရာဇွတ်ဆွဲထားသောလက်ကလေးကို စွဲညှို့ရှင်က
ဘုမသိဘမသိမျက်လုံးများနှင့် မျက်နှာလေးမဲ့ကာဇွတ်ဆွဲဖြုတ်နေပြန်တော့လည်း ရာ့အတွက်စိတ်မကောင်းဖြစ်ရသူမှာ ယွန်းသာဖြစ်ပြန်၏ ။ စက္ကန့်ပိုင်းအတွင်းမှာ သူမအတွက် ခံစားချက်တွေစုံလင်ခဲ့ရသည်။ တစ်ချိန်ထဲတစ်နေရာထဲမှာပင် အေးမြခြင်း၊ ပူလောင်ခြင်းနှင့် နွေးထွေးခြင်းတို့ကို ရရှိခဲ့သည် ။ ဒါဟာ စေရာကြောင့်" ရာ့ကို မမှတ်မိဘူးလား မ ''
'' ရာ... ရာ စေရာလား... ဟိုသင်တန်းက ပုသေးသေးဖြူဖြူကောင်မလေး..''
'' ဟုတ်တယ် မ... ရာပါ... Cheer up ကို မနဲ့အတူတူ cover dance ကခဲ့သေးတယ်လေ.. ''
ရာ့စကားအဆုံး ဝမ်းသာအားရဆွဲဖက်လိုက်သော စွဲညှို့ရှင် ကြောင့် ယွန်းမှာ မျက်လုံးပင်ပြူးသွားရ၏ ။ ကိုယ်တောင်မထိရက်မကိုင်ရက် ပန်းလေးတစ်ပွင့်လို ၊ သခင်မတစ်ပါးလို မော်ဖူးခဲ့ရတာ ။ သူက... သူက.....
အတွေးတွေကြားမှာ နစ်မွန်းရင်း ဒေါသကထွက်လာ၏ ။ အခုချိန် ဘေးလူသာသူမမျက်လုံးတွေကိုမြင်မိပါလျှင် ဒေါသမီးတောက်အရှိန်ကိုခံစားမိမည်သာ ။