" စားပီးပီလား မ... ''ရာ ဖုန်းပြောပီး ပြန်လာတော့ ထမင်းစားပွဲမှာ ကုပ်ကုပ်ကလေး ထိုင်ရင်း စောင့်နေသော မက အသည်းယားစရာ ။
" ဘာလို့လဲ... မျက်နှာ မကောင်းပါ့လား... ဟင် ''
ခပ်ညှိုးညှိုးဖြစ်နေသော မျက်နှာလေးကို ဆွဲမော့လိုက်ရင်း အကြင်နာပိုစွာ မေးမိတော့ မ က ရာ့ခါးလေးကို တင်းနေအောင် ပြန်ဖက်လာသည် ။
" မရဲ့ ကလေးလေးက တစ်နေကုန် အလုပ်တွေ အရမ်းများပီး အစားတောင် ဖြောင့်ဖြောင့် မစားရတာကို.. မက အကြီးဖြစ်ပီး ကူညီနိုင်တာလည်း ဘာမှ မရှိဘူး ''
" ဒါဖြင့် မက မကူညီနိုင်တာကို ဝမ်းနည်းနေတယ်ပေါ့ ဟုတ်လား... ''
" အင်း... ''
ကလေးလေးလို ခေါင်းလေးတိုးပီး ချွဲနွဲ့နေသော မရာ့ ပါးလေးကို ရာ အချစ်ပိုစွာ ဖျစ်ညှစ်မိသည် ။ ဒီလူသားဟာ ဘယ်ဘဝက ဆုတောင်းကြောင့် ဒီလောက်ထိတောင် အရည်ပျော်ကျချင်စရာကောင်းနေပါလိမ့် ။
ရှုပ်ထွေးနေတဲ့ အခြေအနေတွေကြားမှာတောင် ... စိတ်ချမ်းသာစရာ အိုအေစစ်ကလေး ။ မုန်တိုင်းကြားက လှေငယ်လေး ။ အကောင်လိုက် မြိုချပစ်ချင်စရာ unicorn ငယ်လေး... 🦄🦄🦄 ။
" မက ဒီတိုင်းလေး နေနေတာကိုက ရာ့ကို ကူညီနေတာဘဲလေ... ရာက မကို အရိပ်တကြည့်ကြည့်နဲ့ အနားမှာ အမြဲတမ်းနေပီး လိုအပ်သမျှ အားလုံး ဖြည့်ဆည်းပေးချင်တာ... အသေးအဖွဲလေးကအစ အားလုံး ရာဘဲ ဂရုတစိုက်နဲ့ ချစ်ပေးနေချင်တာ... မက အခုအတိုင်းလေး ရာ့ကို ချစ်ပေး နေရင်ကို အရမ်းတွေ ကူညီရာရောက်နေပီ... ''
" ဒါပေမယ့် မက... ''
စကားကို ဆုံးအောင် ပြောခွင့်မပေးဘဲ... ရာ မရဲ့ နှုတ်ခမ်းလေးကို လက်ညှိုးလေးနဲ့ ပိတ်လိုက်သည် ။
" မ အလုပ်လုပ်ချင်လား... ရာ့ကို ချစ်ပေးတဲ့ အလုပ်ကိုလုပ်... မ ရာ့ကို ကူညီချင်လား... ရာ့ကို ချစ်ပေးရင်းနဲ့ကူညီ... မကို လုပ်စေချင်တာဆိုလိ့ု... ရာ့ကို ချစ်ပေးတာရယ်... ပီးတော့.. ''
" ပီးတော့ ဘာလဲ ရာ... ''
ရာက ဆက်မပြောဘဲ ပြုံးစစနှင့် ကြည့်နေသဖြင့် ယွန်း ဆန္ဒစောကာ မေးလိုက်မိသည် ။