Ven...သူမအတော်ရူးနေပီထင်သည် ။ အလုပ်ထဲကိုစိတ်နှစ်ထားတာတောင် နားထဲမှာ သူမအသံကစွဲနေ၏ ။
ရာ သက်ပြင်းချမိသည် ။ အရမ်းလည်းတွေ့ချင်လှပီ ။ကိုယ်ထင်နေလို့ဘဲလားလို့တွေးပီး ဘေးဘီကိုဝေ့ဝိုက်ကြည်မိ့သော်လည်း အားလုံးဟာ ဆေးရုံဝန်ထမ်းတွေနှင့် လူနာတွေဘဲ ဖြစ်ကာ သူမနှင့်တူတာ အရိပ်ကလေးတောင်မတွေ့ ။
သူမအကြောင်းတွေးမိတာနဲ့ထိုးကိုက်လာတတ်သည့်ခေါင်းကြောင့် ကျစ်တစ်ချက်သတ်မိသည် ။
" အဆင်ပြေရဲ့လား boss ''
အနားကိုပြာပြာသလဲရောက်လာကာ မေးနေသည့် ကိုသက်ကြောင့်
" ရတယ် ကိုသက် ရာအဆင်ပြေတယ် သွားကြစို့ စစ်စရာတွေများတယ်... ''
သူမနောက်ကျောလေး သေးငယ်ပီး မြင်ကွင်းထဲကပျောက်သွားသည်အထိ ယွန်းမျက်ရည်တွေကျကာ ကြည့်နေမိသည် ။
မြေကြီးပေါ်လဲနေရာကနေ ဘယ်လိုကဘယ်လို ခုံတန်းလေးပေါ်ရောက်သွားသည်ကိုလဲမသိတော့ ။ ဘေးက doctor ကတော့ သူမခြေထောက်မှာ ဒဏ်ရာရပီးသွေးထွက်သွားတာကို ဆေးထည့်နေ၏ ။
အရာအားလုံးကို သတိမမူမိတော့အောင် ရာက ကြီးစိုးထားခဲ့သည် ။ သူမရဲ့ ကလေးငယ်လေး... ။ သိပ်ကိုချစ်ဖို့ကောင်းအောင် အချွဲပိုသည့် သူမရဲ့ကလေးငယ်လေးကို ခုပြန်တွေ့တွေ့ချင်း ပထမဆုံး ခံစားလိုက်မိတာက တည်ငြိမ်ရင့်ကျက်မှုတွေ ။ မတွေ့ရတဲ့ အချိန်တွေအတွင်း ဘယ်လောက်တောင် ပြောင်းလဲသွားပါလိမ့် ကလေးငယ်ရယ် ။
ဘေးနားက ယောက်ျားပျိုကရော ဘယ်သူပါလိမ့် ။ သားသားနားနားပုံစံနှင့် ထိုယောက်ျားသည် ကလေးငယ်နှင့် ဘယ်လိုများ ပက်သက်နေပါလိမ့် ။ ကလေးကရော ဒီကို ဘာလာလုပ်တာပါလိမ့် ။
အကယ်၍ ကိုယ့်ကိုမြင်ရင်ရော ကလေး ဘယ်လိုနေမှာပါလိမ့် ။ ပျော်သွားမှာလား ။ အမုန်းတွေရှိနေမှာလား ။ အရမ်းလွမ်းနေခဲ့တာ ဆိုပီးတော့များ အသည်းယားဖို့ကောင်းအောင် ချွဲနွဲ့နေမလား ။
တွေးလိုက်မိတာက အစီအရီ ။တကယ်တမ်း လက်တွေ့ဘဝမှာတော့ မျက်ရည်တွေသာ တွင်တွင်ကျနေရပီး သူမဘဝက လှုပ်တောင်မလှုပ်နိုင်သည့် ဒုက္ခိတ ။