🌺 14 🌺

6K 426 17
                                    

" မ... ''

" ရှင့်   ... ''

" အား... ချစ်လိုက်တာ.... ''

" ဟောတော်... ''

ပါးလေးတွေကို ဖျစ်ညှစ်ရင်း အသည်းယားစွာဆိုလာသော သူမကို မက ရယ်ကျဲကျဲဖြင့် ပြော၏ ။

" မ လို့... ''

" ပြောပါရှင့်.....  ''

" မီးကို ဂစ်တာလေးတစ်လက်လောက် ဝယ်ပေးပါလို့... ''

" ဟယ်.. ကလေးက တီးတတ်လို့လား... ''

" အင်းပေါ့... တီးတတ်လို့ ဝယ်ခိုင်းတာပေါ့... 😒''

မျက်စောင်းတစ်ချက်သူမပေါ် ကျရောက်လာတော့ ယွန်းက သူမခေါင်းလေးကို ခပ်ဖွဖွပွတ်ရင်း ရယ်၏ ။

" ဟုတ်ပါပီ အသည်းလေးရယ်... မနက်ဖြန် ကျောင်းဆင်းရင် လိုက်ဝယ်ပေးမယ် ဟုတ်ပီလား... တစ်ခါထဲ လိုအပ်တာတွေပါ စာရင်းလုပ်ထား... မနက်ဖြန် တစ်ခါထဲ ဝယ်ရအောင်.. ''

" ဟုတ်   ... မကို ချစ်တယ်... 😚 ''

ခြေဖျားလေး မမှီတမှီထောက်ကာ သူမပါးကို နမ်းရင်း အခန်းထဲ ပြန်ပြေးဝင်သွားသော လုံးတုံးလေးကိုကြည့်ရင်း အချစ်ပိုရသည် ။

ခုလည်း သူစားချင်သည်ဆို၍ ခေါက်ဆွဲသုပ်လုပ်ကျွေးနေရသည် ။ အဆိုးလေးတစ်ဖြစ်လဲ အချွဲလေး
စေရာကြောင့် ယွန်းဝါစင်္ဂတို့ ကြီးမှဝက်သက်ပေါက်ရလေပြီ ။ ငယ်ငယ်ကတည်းက ကြိတ် crush ခဲ့ရသော ဘာဘီရုပ်ကလေးကို ပိုင်ဆိုင်ထားရ၍ အရာရာ သူ့သဘော... အလိုလိုက် အကြိုက်ဆောင်ကာ အချစ်ကြီးချစ်နေ၏ ။

လိုချင်တာ ၊ စားချင်တာ ၊ လုပ်ချင်တာ မှန်သမျှလည်း ချွဲစရာမလို ။ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရုံဖြင့် တီချယ်ကြီးက အရည်ပျော်ကျလျှက်... ။

ဧည့်ခန်းထဲမှာ ရာ ဖွင့်ထားသော BTS ၏ "Love Myself '' သီချင်းသံက ခပ်သင်းသင်းလေး ပျံ့လွင့်လာ၏ ။

( အဲ့ဒိသီချင်းက အရမ်းကြိုက်လွန်းလို့ တစ်နေ့ထဲနဲ့ အခေါက်တစ်ရာလောက် နားထောင်ရင်း ကျက်ခဲ့တာပါနော်... 😁 အဲ့လောက်ထိ စွဲလမ်းဖူးတဲ့ သီချင်းက Spring Day ရယ် Love Myself ရယ် နှစ်ပုဒ်ဘဲ ရှိပါသေးတယ်... စာသာ အဲ့လိုကြိုးစားရင် Roll 1 အလာင်းအလျာလေး ဖြစ်မှာနော်... 😷 ဤကား စကားချပ်... )

စရော (completed) Wo Geschichten leben. Entdecke jetzt