ပင်လယ်လေတွေဟာ လှိုင်းကလေးတွေအပြင် မိုးသက်မုန်တိုင်းတွေကိုပါ ယူဆောင်လာပေးကြတယ် မင်းကရော ငါ့အတွက် ဘာတွေသယ်ဆောင်လာမလဲ စေရာ...
ဥယျာဉ်မှူးတစ်ယောက်ရဲ့တာဝန်က သူမြတ်နိုးရတဲ့ပန်းလေးကို အဝင့်ကြွားဆုံး ဖူးပွင့်လာအောင် စောင့်ရှောက်ပေးရုံဘဲလေ... အချိန်တန်တော့လဲ သူ့ကိုစောင့်ရှောက်မယ့်လူနောက်တစ်ယောက်က ပေါ်လာမှာပါဘဲ... ဒီနိယာမကိုသိနေရက်နဲ့ ငါဘာလို့များမင်းကို မစွန့်လွှတ်နိုင်ပါလိမ့်
ဘုရင်တစ်ပါးမှာတောင် မိဖုရားအများကြီးရှိတယ်လို့မင်းပြောတယ်နော်... ငါ့ဘဝရဲ့ဘုရင်ဖြစ်တဲ့မင်း
အတွက်တော့ ငါဟာ မိဖုရားခေါင်ကြီး ဖြစ်ချင်ပါတယ်စေရာ....🍁🍁🍁 စေရာ...
ပခုက္ကူမြို့၏ ပူပြင်းသောနေရောင်ကို အံတုရင်း စေရာရပ်နေမိသည် ။ ကားဂိတ်အတွင်းထဲက ဝင်စောင့်နေလျှင်လည်း ရမှန်းသိ၏ ။ သို့သော် သူမစိတ်ထဲမှာ တွေးထားတာတစ်ခုသည် သူမမုန်းသော ယွန်းဝါစင်္ဂ အား တစ်ရာရာခိုင်နှုန်း အရွဲ့တိုက်ပြီး စိတ်ဆင်းရဲစေရန်သာရည်ရွယ်ထားသည့်အတွက် ။
နဖူးမှာ ရွှဲနေသော ချွေးစအချို့ကို အန်တုရင်း...
ဝတ်ထားသော သိုးမွှေးအင်္ကျီကိုကြည့်ရင်း စေရာ ခပ်မိန့်မိန့်ပြုံး၏ ။" အခုချိန်က စပြီ ''
ရန်ကုန်ကနေ ပခုက္ကူထိ လာရာလမ်းတစ်လျှောက်လုံး စိတ်ရှည်လက်ရှည်ခွာပြီး ထည့်ထားသော နေကြာစေ့ဘူးလေးကို ထုတ်လိုက်သည် ။ မွေးရာပါသွေးအားနည်းရောဂါပါလာခဲ့သော စေရာ့အတွက် ဒါတွေဟာ အကောင်းဆုံးသော လက်နက်တွေထဲကတစ်ခု ။
သူမ၏ ကလေးဆန်ဆန်အတွေးတွေဟာ ပေါ့ပျက်ပျက်ဖြစ်ကောင်းဖြစ်နေနိုင်၏ ။ သို့သော် အားလုံးဟာ ယွန်းဝါစင်္ဂယူသော တင်စီးစီး နာမည်နှင့် ဆရာမကို ဒုက္ခရောက်စေလိုခြင်းမှ စတင်၏ ။