29

5.1K 366 11
                                    


" မင်းမသိဘူးနော်... ငါက မမထက်တောင် သူ့ကိုပိုချစ်သေးတယ် ''

အရက်ပုလင်းတွေကြားခေါင်းစိုက်ကာ မူးနေဟန်ရှိသော စစ်မက်က အာလေးလျှာလေးအသံဖြင့် ပြောလာ၏ ။

" မင်းက ချစ်တာမဟုတ်တော့ဘူး... အတ္တကြီးနေတာ... ဘယ်သူဘာဖြစ်ဖြစ် မင်းလိုချင်တာကို ရအောင်ယူမယ်ဆိုတဲ့ အတ္တကြီး ''

ကိုသက်စကားအဆုံး ခေါင်းထောင်ကြည့်လာသော စစ်မက်မျက်လုံးတွေက အရက်ရှိန်ကြောင့် နီကြောင်ကြောင် ရီဝေဝေ ။ သူ့မျက်လုံးတွေကို ခဏတာ စိုက်ကြည့်နေပီးနောက် စစ်မက်က နာနာကျင်ကျင်တစ်ချက်ပြုံး၏ ။

" အဲ့လိုမလုပ်ရင်ရော ငါ့ဆီအလိုလိုရောက်လာမှာမလို့လား...ဟမ် မင်းပြောစမ်းပါ... ဒီတိုင်းထားထားလို့ကတော့ မမနဲ့ဘဲ ညားသွားမှာ မင်းသိလား...  အခုရော...  မင်းက အကုန်လုံးထုတ်ပြောလိုက်ပီးပီမလား...  ရာက အကုန်လုံးကို ငါလှည့်စားနေတယ်ဆိုတာ သိသွားပီမလား ပြောစမ်းပါဟိတ်ကောင် ''

စကားတွေကြား ဒေါသပါလာတော့ ကော်လံစကို လာဆွဲပေမယ့် နဂိုမူးနေသည့် အရှိန်ကြောင့် စစ်မက် ယိုင်ကျသွား၏ ။ ဒါကိုဘဲ ကိုသက်က လှမ်းထိမ်းလိုက်ရင်း သက်ပြင်းယဲ့ယဲ့တစ်ချက်ချ၏ ။

တစ်ချိန်ထဲမှာ ခေါင်းထဲဝင်လာသည်က ရာ နေ့လည်က သူ့ကိုပြောခဲ့တဲ့ စကားတွေ ။ ထမင်းကျွေးသည့်လက်ကို ပိုက်ဆံအတွက်နဲ့ ပြန်ကိုက်ခဲ့သော သူ့လို အမှိုက်သာသာကောင်ကို ရာက ခွင့်လွှတ်ပေးခဲ့သည် ။

အပြစ်ကြွေးကိုပြန်ဆပ်နိုင်မည့် နည်းလမ်းကို ပြောရင်း မေမေ့အတွက်ဆေးဖိုးတွေကိုတောင် အကုန်အကျခံပေးဦးမည်တဲ့ ။ မျက်ရည်ဝဲရလောက်သည်ထိ ကျေးဇူးတင်ခဲ့ရသော ခံစားချက်တွေနဲ့အတူ သူ့မှာကျန်နေခဲ့တာက တနင့်တပိုး ထမ်းပိုးထားရသည့် နောင်တတွေ ။

အခုသူ အကောင်းဆုံးလုပ်ရမည့်အလုပ်က စစ်မက်ကို ဘာမှထပ်မလုပ်တော့ဘဲ ပညာတော်သင်သွားဖို့ ဖြောင်းဖြရန်သာ ။ ခေါင်းမာသော စစ်မက်က လက်မခံရင်တော့လဲ ရာက တရားဥပဒေအတိုင်းသာ စီရင်တော့မည်ဖြစ်၏ ။

တစ်ဖက်က သူငယ်ချင်းဖြစ်သူကိုလည်း မျက်နှာလွှဲခဲပစ်မလုပ်နိုင်သဖြင့် အတတ်နိုင်ဆုံး ဖြောင်းဖြရန်သာ စိတ်ကူးထားမိသည် ။

စေရာ (completed) Donde viven las historias. Descúbrelo ahora