🌺18🌺

6K 417 32
                                    

" စိတ်လျော့လိုက်ပါတော့  မမရာ... သူမှ မလိုချင်လို့ ထားသွာပီးပီ ။မမကို တကယ်ချစ်တယ်သာဆို ဒီနှစ်တွေအတွင်း သူဆက်သွယ်ခဲ့မှာပေါ့ ... သူသာ တကယ် စိတ်ဝင်စားကြည့် မမ သတင်းလောက်ကလေးက စုံစမ်းလို့မရဘူးများ ထင်နေသလား.. ဒီလောက်ထိ သူ့ကို ချစ်ရမှဖြစ်မှာလား ဟမ် ''

ပြန်ပီးသတိရလာကတည်းက ရာ တစ်ယောက်သာ တ နေသော အစ်မဖြစ်သူကို စစ်မက်ခပ်တိုးတိုး ကြိတ်ဆူမိသည် ။

ဆေးရုံကုတင်ကို ခပ်လျော့လျော့မှီရင်း ရှိုက်ငိုနေသော ယွန်းနှုတ်ခမ်းပါးတို့က တုန်ယင်နေ၏ ။

" ဒါပေမယ့် ငါ သူ့အကြောင်းလေးတော့ သိချင်သေးတယ် စစ်မက်... ပရောဂတစ်ခုခုကြောင့်သာမဟုတ်ရင် ရာ ငါ့ကိုခွဲမသွားဘူးဆိုတာ ယုံတယ် ''

ယွန်းစကားကြောင့် အကြောင်းစုံသိထားသော စစ်မက်မျက်နှာပျက်သွား၏ ။

" ဒါပေမယ့် မမ ဒီအတိုင်းကြီး နေနေတာကရော ဘာတွေများ အကြောင်းထူးလာမှာမို့လဲ...မမခြေထောက်က စတီးရိုးအစားထိုးထားတာ... ပီးအချိန်တွေအကြာကြီး လှုပ်ရှားမှုမရှိဘဲ နေနေရတာ... ဒီအတိုင်းသာကြာရင် မမ အောက်ပိုင်းသေသွားလိမ့်မယ်..အဲ့လိုဆိုရင်ရော ရာ့ကိုရင်ဆိုင်ရဲလား ''

ဘာမှပြန်မပြောတော့ဘဲ ခေါင်းငိုက်စိုက်ချထားသော ယွန်း...။

" အကို မင်းသန့်ကို ကျွန်တော် အကူအညီတောင်းထားပီးပီမို့ ကျေးဇူးပြုပီး မမကျန်းမာရေးကို အရင်အာရုံစိုက်ပါဦး မမရာ နော်... နေကောင်းသွားမှ ရာ့ကို ပြန်ရှာလည်း ရသားနဲ့... နော်... ''

ယွန်းက သက်ပြင်းတစ်ချက်ချ၏ ။

" မမကို ဒီတစ်ခါတော့ ဘယ်သူမှ တားလို့မရတော့ဘူး စစ်မက်... ဘယ်သူတားတားလည်း မမ ရာ့ကို မစွန့်လွှတ်နိုင်ဘူး... ''

စစ်မက် ငြိမ်သွားသည် ။ ကိုယ့်အစ်မအရင်းဖြစ်သူနဲ့ မိန်းကလေးတစ်ယောက်ကို ပြိုင်ချစ်နေရသော ကိုယ့်ဘဝလောက် ဆိုးတာ ရှိပါ့ဦးမလား ။

ချစ်ခဲ့သည် ။ စတွေ့တွေ့ချင်းကတည်းက...

ဆက်ချစ်မြဲ... ။ သူမဟာ မမရဲ့ကောင်မလေး ဖြစ်သွားခဲ့ပီဆိုတာတောင်မှ...။

စေရာ (completed) Opowieści tętniące życiem. Odkryj je teraz