🌺 8 🌺

6.5K 497 24
                                    

လူတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ... သိပ်ကိုခံစားရတယ် ရာ... အထူးသဖြင့် ကိုယ်ချစ်တဲ့သူရင်ထဲမှာ နောက်တစ်ယောက်ရှိနေမှန်း သိလိုက်ရတဲ့ အချိန်မျိုးပေါ့......

စေရာ.... ။

🌺🌺🌺

နေမကောင်းဖြစ်နေခဲ့တဲ့ရက်တွေက သူမအတွက်တော့ နတ်ပြည်ကို ရောက်နေခဲ့သလို ။ ချစ်ရသူကသာ ဒီလိုလေး ပြုစုပေးမယ်ဆို တစ်သက်လုံး ဖျားလည်း အဆင်ပြေတယ် ရာ။

အဆင်မပြေတာက တစ်ခုထဲ ။

စစ်မက်... ။

" အခုတလော ကျောင်းရောတက်ရဲ့လား ရံလေး''

ဆေးညွှန်းရေးနေသော မောင်ဖြစ်သူကိုကြည့်ပီး ယွန်းမေးမိ၏ ။ ကိုယ်ဖျားတာကို အကြောင်းပြပီး အိမ်ကို အလာစိပ်နေသော စစ်မက်ကို ယွန်းသဘောမကျတော့ ။ မြွေမြွေချင်း ခြေမြင်သည်ဟုဘဲ ပြောရမလား ။
စေရာ့ကို ကြည့်တတ်သော စစ်မက်၏အကြည့်တွေကို ယွန်း မကြိုက် ။

မိန်းကလေးတစ်ယောက်ကို မောင်နှမနှစ်ယောက် ပြိုင်လုရမည့်အဖြစ်မျိုးလည်း အဖြစ်မခံချင် ။

" ကိုယ့်အမတစ်ယောက်လုံးက လူနာဖြစ်နေတဲ့အပြင် ကျွန်တော်ကလည်း ဆရာဝန်တစ်ယောက်လေ မမရယ် ဘယ်လိုလုပ်ပီး ပစ်ထားနိုင်မှာလဲ ''

" ပြောတာပါဘဲ... ''

" ဟား ဟား အတည်ပါဆို... ''

ရယ်လိုက်တိုင်းပေါ်သွားတတ်သော သွားတက်ကလေးများနှင့် စစ်မက်သည် မြင်သူတိုင်းလည်ပြန်ငေးရလောက်အောင် ချောမော၏ ။

ကိုရီးယားကောင်လေးတွေလို ဆံပင်အလယ်ခွဲ ခပ်အုပ်အုပ်ကိုမှ စတိုင်ကျစွာဝတ်ဆင်တတ်သည့်အပြင် လက်ဖျံအသားဖြူဖွေးဖွေးပေါ်မှ သွေးကြောစိမ်းတွေက ကောင်မလေးအများစု ကြွေကြသည့် အချက်တွေ ။

မနာလိုဖြစ်မိ၏ ။ အခုချိန်မှာ ယွန်းသာ ကောင်လေးတစ်ယောက်ဖြစ်ခဲ့လျှင်....

စစ်မက်လို ခပ်ချောချောကောင်လေးတစ်ယောက်သာဆိုလျှင်....

အချိန်မဆိုင်းဘဲ ရာ့ကို ဖွင့်ပြောမိမည်သာ... ။

ကံတရားကြီးက ရက်စက်တယ်ရာ... ။ သိပ်ချစ်တတ်တဲ့... ရာ့ကို သိပ်ချစ်မိသွားတဲ့... ကိုယ့်ကိုကျမှ မိန်းကလေးတစ်ယောက်အဖြစ် ဖန်ဆင်းပေးခဲ့တယ် ။

စရော (completed) Kde žijí příběhy. Začni objevovat