မှန်ပြတင်းက တစ်ဖွဲဖွဲကျနေသော မိုးစက်တွေကို ရာ ထိုင်ကြည့်နေမိသည် ။ ဟိုတလောလေးကမှ အဖျားပျောက်ထားသော ချယ်ပြန်ပီး အအေးမိမှာကိုလည်း ဘာမဆိုင်ညာမဆိုင် တွေးပူလိုက်မိပြန်သေး ။
တီချယ်ယွန်းအကြောင်းတွေးမိတော့ ခေါင်းထဲကို ဝင်လာသည်က မျိုးမြင့်ပြောခဲ့သည့် အကြောင်းအရာတွေ ။ crush လား... ။ ရင်ခုန်သံတွေရဲ့ ပိုင်ရှင်လားဆိုတာ သူမ ခွဲခြားဖို့လိုပီထင်၏။ သူမကိုယ်တိုင်လည်း ချယ့်အနားမှာရောက်နေရင် အလိုလိုရင်ခုန်လာသည်က အမှန် ။
အကယ်၍ ချယ့်ကို သူမချစ်သည်ဘဲထားပါတော့ ။ ဂုဏ်သိက္ခာကြီးလှသော ထိုဆရာမကရော မိမိလို မဖြစ်စလောက် ကျောင်းသူပိစိလေးကို ပြန်ကြိုက်ပါမည်တဲ့လား... ။
စေတနာထားပီး ကူညီခဲ့ရာမှ စေတနာစော်ကားသည်ဟု အထင်ခံရလျှင် သူမဘဝ ပြီးဆုံးချေပီ ။
မဖွံ့ဖြိုး မတိုးတက်သေးသော လူမှုပတ်ဝန်းကျင်သည် မိန်းကလေးနှစ်ယောက်၏ ချစ်ကြိုက်မှုကို ရှုံ့ချမည်မှာ သေချာနေသော ကိစ္စ ။
ထိုကဲ့သို့သော အကြောင်းအရာပေါင်းများစွာကို လစ်လျူရှုပီး တီချယ်က သူမကို ပြန်ချစ်ပါမည်တဲ့လား.... ။
ခေါင်းကိုခါယမ်းရင်း အတွေးတို့ကို ထုတ်ပစ်မိသည် ။
ဘုရားသခင်က ရာ့ကိုဘဲဖြစ်ဖြစ် ယောက်ျားလေးတစ်ယောက်အဖြစ် ဖန်ဆင်းပေးခဲ့ရမှာ ချယ်ရယ်... ။
🌺🌺🌺
" ချယ် ဒီနေ့ ရာကြိုက်တဲ့ ငါးလေးကို ကြော်ပီးချက်ပေးထားတယ်ရာ နောက်ပီး ကင်ပွန်းရွက်ချည်ရည်ဟင်းရယ် ကြက်သားကြော်လည်းရှိတယ်... များများစားရမယ်နော် ရာ.. ရာ့ခန္ဓာကိုယ်လေးက လေတိုက်ရင်တောင် လဲတော့မလိုဘဲ... ချယ်စိတ်မချဘူး ''
" ဟိုတလောကမှ ဖျားထားတာ ဘယ်သူလဲမသိပါဘူး... ''
ရာက ပြောင်စပ်စပ်လေးပြောလိုက်ရင်း ထမင်းစားပွဲမှာ တင်ပါးလွှဲလေး ဝင်ထိုင်လိုက်၏ ။
နောက်ပီး ရာ့အကြည့်တွေ ယွန်းဆီရောက်ချိန်မှာတော့...
ဆံပင်တွေကို ponytail style လေးစည်းထားသော တီချယ်သည် ကလေးတစ်ယောက်လို ချစ်ဖို့ကောင်းနေ၏။