25

4.9K 374 32
                                    

အရင် ep 24 ကိုဖတ်ပီးတော့ နားမလည်ဘူးလို့ပြောတာတွေ တွေ့တယ်ဗျ ။ ကျွန်တော် ပြောချင်တာကတော့ မနေ့ကတင်တဲ့အပိုင်းနဲ့ ep 23 ဟာ တစ်နေ့ထဲမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကိုဘဲ အခြေခံထားတာဖြစ်တဲ့အတွက် ရေးရအရမ်းခက်ပါတယ် ။ အကြောင်းအရာလေးတစ်ခုကို ရှစ်ကြောင်းလောက်ထိရောက်အောင် ဆွဲထုတ်ခဲ့ရတာမျိုးတွေလည်း ရှိပါတယ် ။

နောက်ပီး အရင်အပိုင်းမှာ ကျွန်တော် သဲလွန်စတွေအများကြီး ပေးခဲ့ပါတယ်ဗျ ။ အခုတစ်ပိုင်းဖတ်ပီးကြရင်တော့ နားမလည်တာတွေ တစ်ချို့တစ်ဝက် ပျောက်သွားမယ်လို့ထင်ပါတယ် ။ ထပ်ပီး ပြောချင်တာက ရာဟာ ဘယ်လိုထက်မြတ်နဲ့မိန်းကလေးလဲဆိုတာ ရှေ့အပိုင်းတွေမှာ သိကြမယ်ထင်ပါတယ် ။

တစ်ညနေလေးအတွင်းမှာ တုန်လှုပ်စရာအဖြစ်အပျက်ကြီးကိုသိပီးနောက်ပိုင်း သူလက်လှမ်းမှီရာကို စုံစမ်းနေတာပါ ။ ဘယ်သူ့ကိုမှ မယုံဘဲ အဖက်ဖက်ကတွေးပီး ထောင့်စေ့အောင် စီစဉ်တတ်တဲ့သူမျိုးပါ ။

စိတ်ထဲမှာ သဘောမကျတာတွေရှိလာခဲ့မယ်ဆိုရင်တော့ ရာ့ရဲ့အပြစ်မဟုတ်ဘဲ ကျွန်တော့်ရဲ့ အရည်အချူင်းညံ့ဖျင်းမှုကြောင့်လို့ဘဲ မှတ်ယူပေးကြပါခင်ဗျာ ။

စိတ်ဒုက္ခခံပီး ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ဗျ ✌

🌺🌺

" ရာ ဒီည မရဲ့အခန်းထဲမှာ အိပ်လို့ ရမလား... စဉ်းစားစရာတွေ အများကြီးရှိနေတော့ မနဲ့အတူတူရှိနေမှ အဖြေရှာနိုင်မယ်ထင်တယ်... ''

" အဲ့ဒါလေးကို ပြောနေစရာလိုသေးလား ရာရယ်... ရာ့ကိုကူညီနိုင်မယ်ဆိုရင် မက ဘာနေနေ အဆင်သင့်ဘဲ...  ခုတော့ အင်္ကျီလေးလဲပီး နွေးနွေးထွေးထွေးလေးနေပါဦး..  နော်... ဖျားလိမ့်မယ် ကလေးရဲ့... ''

ရာ့ရဲ့လက်ဖျားလေးတွေ ပါးလေးတွေကို ကိုင်ကြည့်တော့လဲ အေးစက်နေတာမို့ ယွန်းစိတ်ပူကာ ပြောမိသည် ။

ခေါင်းတစ်လုံးလောက်ကွာနေသော အရပ်ကို သူမပခုံပေါ် ခေါင်းလေးကို ရအောင်တင်ပီး ချွဲနေသော ရာ့ပုံစံက အရမ်းပင်ပန်းနေဟန်ရှိတာကြောင့်လည်း စိတ်ထဲမှာ သိပ်တော့မကောင်း... ။

စရော (completed) Donde viven las historias. Descúbrelo ahora