" ဟုတ်ကဲ့ ဆေးရုံအုပ်ကြီး စေရာပါ... ''" မနက်အစောကြီးဆက်ရတာ အားတော့နာတယ်.. ဒါပေမယ့် အရေးကြီးလို့ရယ်ပါ... ''
" ဟုတ်... အခန်း ၄၅၆ က လူနာရဲ့... အခုလက်ရှိ တာဝန်ခံဆရာဝန်က ဘယ်သူလဲမသိဘူး ''
"ဪ ဘာရယ်လို့တော့ မဟုတ်ပါဘူး... ရာ့မိတ်ဆွေမို့ ဆေးရုံအုပ်ကြီးကို အကူအညီတောင်းချင်လို့ပါ... ကျန်းမာရေးကို အမြန်ဆုံးပြန်ကောင်းစေချင်တယ်... နောက်ပီးတော့ သူ့ရဲ့ ဆေးမှတ်တမ်းလေးလည်း ပို့ပေးဖို့ အကူအညီတောင်းချင်သေးတယ် ''
" ဟုတ်ကဲ့ ဒါဆို ခဏနေ တွေ့ပါမယ်နော်... ''
အာရုဏ်ဦး၏ နေရောင်ခြည်က အခန်းတွင်းကို ဖြာကျနေ၏ ။ မှန်ပြတင်းမှာ ရာရပ်နေရင်း နေထွက်လာတာကို ကြည့်နေမိသည် ။
မနဲ့ ဘာမှတော့ အေးအေးဆေးဆေး မပြောရသေး ။ မ မျက်နှာသစ်နေတုန်းခဏလေးကို ရာစောင့်နေခြင်းဖြစ်သည် ။
နောက်ပီး စကားတွေအများကြီး ပြောစရာမလိုဘဲ တစ်ယောက်နှင့် တစ်ယောက် နားလည်နေခဲ့သည်ကြောင့် ။
ရုတ်တရက်ကြီး နွေးထွေးသွားသော နောက်ကျောပြင်နှင့်အတူ ခါးပေါ်မှာ ယှက်တွယ်လာသော လက်ကလေးတွေကြောင့် တွေဝေခြင်းမရှိပြုံးမိ၏ ။
" ရာ အရပ်ကြီး အရမ်းရှည်လာတယ်... ''
ရာ့ထက် ခေါင်းတစ်လုံးလောက် ပုကျန်ခဲ့သော မက ရာ့ကျောပြင်မှာ ပါးအပ်ရင်း ခပ်တိုးတိုးပြော၏ ။
"၅ ပေ ၇ လေ... အရမ်းကြီး မရှည်ပါဘူး... မ ကသာ
ဒီအရပ်က ဒီအရပ်ဖြစ်နေတာ... ''ခါးလေးမှာယှက်ထားသော လက်ချောင်းတွေကို ခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်ရင်း ... ။
"အရပ်သာရှည်လာတာပါ ရာက အရင်အတိုင်းဘဲ ကလေးရုပ်... ''
" အို ကလေးရုပ်တော့ဘာဖြစ်လဲ...သူများတွေလို ပုပုလေးမဟုတ်ရင် ပီးတာဘဲ ''
" ယွန်းဝါစင်္ဂ ''
မ နာမည်ကို အော်လိုက်သံကြားပီးနောက်မှာ အလန့်တကြားလှည့်ကြည့်မိတာနှင့်တစ်ပြိုင်နက် ရာ့ကိုဖက်ထားသော မကို မ မေမေက ဆွဲခေါ်လိုက်သည်ကို မြင်လိုက်ရသည် ။