J ဖျားနေပေမယ့် ကြိုးစားပီး ရေးပေးထားပါတယ်...
" တော်ပါတော့ မေမေရယ်... ယွန်းတို့ကို လွှတ်ပေးလိုက်ပါတော့... မေမေတို့ရှက်တယ်ဆိုရင်လဲ သမီး ရာ နဲ့အတူတူ မေမေတို့ မမြင်နိုင်တဲ့တစ်နေရာကို ထွက်သွားပေးပါ့မယ်... ရာ့ကိုတော့ ထပ်ပီး နာကျင်ရအောင် မလုပ်ပါနဲ့တော့... သမီးတောင်းပန်တာပါ... ''
" နင်က သူစိမ်းတစ်ယောက်အတွက်နဲ့ မိသားစုကိုတောင် စွန့်ပစ်တော့မလို့ပေါ့ ဟုတ်လား ယွန်း ''
ချစ်ရသူနှင့် မိဘကြား ဗျာများရသည့်အခါ ယွန်းဘဝက ပိုပီး ပူလောင်သည် ။ တစ်ခါနာခဲ့ပီးသော ငှက်ကလေးကိုလည်း ထပ်ပီး မနာကျင်ရလေအောင် ကာကွယ်ချင်သည် ။ နောက်ပီးတော့ သူမအတွက် အများကြီး ဒုက္ခရောက်ခဲ့ရသော မိသားစုကိုလည်း ပြန်ပီး ကျေးဇူးဆပ်ချင်သေးသည် ။
" ဘာဘဲဖြစ်ဖြစ် ဒီမနက်ကိစ္စမှာတော့ မေမေမှားတယ်... ရာဟာ အရင်တုန်းကလို ဘာမှမဟုတ်တဲ့ ကလေးသာသာကောင်မလေး မဟုတ်တော့ဘူး မေမေ... သူ့မှာလဲ ဂုဏ်တွေ ဒြပ်တွေနဲ့... သူပိုင်တဲ့ဆေးရုံမှာ သူ့ကိုဒီလိုစော်ကားလိုက်တော့ သူ့သိက္ခာတွေ ဘယ်ရောက်သွားမလဲ... ဒါကို အကြမ်းဖက်မှုလို့ယူဆပီး မေမေ့ကို အမှုဖွင့်လို့တောင်ရတယ် ဆိုတာ သိရဲ့လား ။ ''
" တော်စမ်းပါ ရံလေးရယ်.. ဒီကလေးမက ငါ့သမီးမသေသေးလို့ ပြန်လာသတ်တာ သိရဲ့လား ။ သူ့ကြောင့်ဘဲ ငါတို့မိသားစု ကံဆိုးမိုးမှောင်ကျကုန်တာ ။ နင့်အဖေ အရက်စွဲပီး လောင်းကစားကြွေးတွေတင်ကုန်တာလည်း သူ့ကြောင့် ။ သူသာ ယွန်းကို စာမရေးပေးခဲ့ဘူးဆိုရင် ယွန်းလည်း သူ့နောက်လိုက်မှာမဟုတ်ဘူး ။ ကားလည်း တိုက်မှာ မဟုတ်ဘူး ။ စည်းစိမ်လည်း ပြုတ်မှာမဟုတ်ဘူး ။ ငါ့ကို တစ်ခွန်းမှ ပြန်မပြောနဲ့ ။ အခုနင့်အဖေဘယ်သွားတုန်း ''
" ထုံးစံအတိုင်း လောင်းကစားဝိုင်းမဟုတ်ရင် အရက်ဆိုင်ပေါ့ ''
တံခါးဘောင်ကို ခပ်နွဲ့နွဲ့မှီရင်း စစ်မက်က ဆိုတော့ ရာမျက်ရည်တွေ ပိုကျလာမိသည် ။ ဘာလို့များ ဒီကောင်မလေးကိုဘဲ မုန်းတီးနေတာပါလိမ့် မေမေရယ်... ။