" ဒီလို မလုပ်သင့်မှန်းတော့ ရာ သိပါတယ် ဒါပေမယ့် ရာ့ရဲ့လုံခြုံရေးကြောင့်မို့ ကူညီပါလို့ တောင်းဆိုချင်တာပါ... ''
" ကျွန်တော်တို့အားလုံးက boss ရဲ့ လက်အောက်ကမို့ boss အလိုရှိတာကို လုပ်ပေးရမှာပါ... အဲ့လိုကြီး မပြောပါနဲ့ boss.. ကျွန်တော်တို့ ဌာန တစ်ခုလုံး boss အတွက် အမြဲအသင့်ပါ... ''
" ကျေးဇူးတင်ပါတယ်... ''
IT department ဟာ ရာ့ရဲ့ ပင်မရုံးကြီးရဲ့ဘေးမှာ သီးသန့်ထားရှိသော အဆောက်အဦးကြီးဖြစ်သည် ။ ရာ ပိုင်သမျှ ဆောက်လုပ်ရေးလုပ်ခန်းတွေ ၊ shopping mall တွေနဲ့ ဆေးရုံတွေမှာ ရှိရှိသမျှ ကွန်ပြူတာတွေ ၊ laptop တွေ အားလုံးကို ထိန်းချုပ်ထားသည် ။
အဆောက်အဦး ဒီဇိုင်းတွေအပါအဝင် အရေးကြီးသော အချက်အလက်မှန်သမျှတို့ မပေါက်ကြားစေရေး အတွက် Hacker တွေအပါအဝင် IT ပညာရှင်တွေ အများကြီးနှင့် ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည် ။
နှုတ်လုံခြင်းသည် အဓိကဖြစ်ပီး အလုပ်သမားသောင်ကျော်တို့၏ form နှင့် personal imformation တွေကိုလည်း ဘယ်သူမှ ဝင်ကြည့်ခွင့်မရှိသော နေရာတစ်ခုဖြစ်သည် ။
" ရာ့ရဲ့လက်ထောက် ကိုသက်ရဲ့ computer ကို hack ပါ... နောက်ပီးရင် သူနဲ့ပက်သက်သမျှ imformation အစုံလိုချင်တယ် အဓိကက သူ့ရဲ့ bank account တွေ ... ''
" နောက်တစ်ဖွဲ့က ဆေးရုံမှာရှိသမျှ computer တွေကို hack ပါ... အထူးသဖြင့် အရိုးအကြောဌာနက ဒေါက်တာ စစ်မက်ခြံရံ ... သူ့အကြောင်း သူနဲ့ပက်သတ်သမျှ imformation အကုန်လိုချင်တယ်... ''
" နောက်ဆုံးအဖွဲ့အတွက်က ဟိုးဘက်တလောက ဆေးရုံမှာဖြစ်သွားခဲ့တဲ့ ဆူပူမှုတစ်ခုအကြောင်းကို သိကြမယ်ထင်ပါတယ်.... သူတို့လူဆိုးဂိုဏ်းအကြောင်း သိချုင်တယ် ... တစ်ခုမကျန် ရာ့ကို ကူညီကြပါဦး... ''
ရာ့စကားဆုံးသည်နှင့် အားလုံးကိုယ့်နေရာကိုယ်ထိုင်ပီး တာဝန်ကိုယ်စီအတွက် လှုပ်ရှားနေကြ၏ ။ ရာကတော့ main projector ကြီး သုံးခုပေါ်မှာ တစ်ရိပ်ရိပ်ပေါ်လာသော imformation တွေကို ကြည့်ရင်း...
" ဘယ်တော့လောက် အစုံအလင်သိရမလဲ... ဌာနမှုး ''
" နေ့လည်လောက်ဆို အားလုံးရပီဗျ... ကျွန်တော်တို့ သေးသေးလေးကအစ အားလုံး ဖော်ခုတ်ပေးထားပါ့မယ် ''