Chapter - 33

60.7K 3.9K 364
                                    

Unicode
~~~~~~~

ပူလောင်နာကျင်နေသည့် ခြေထောက်ဒါဏ်ရာကြောင့်  သူ့အား ပွေ့ချီသွားသူကို ယွင်ရှန့်သတိမထားမိခဲ့ဘူး ။ သူသတိထားမိလိုက်ချိန်မှာတော့ မျက်ဝန်းများ ပြူးကျယ်ကာ ထိုလူအား စိုက်ကြည့်နေမိသည် ။

ထိုလူပုံစံက အလျှင်လိုနေပြီး မျက်နှာပေါ်က စိုးရိမ်မှုအငွှေ့အသက်များကို ယွင်ရှန့်ခံစားမိနေ၏ ။ ဒီလူကို ယွင်ရှန့်မသိဘူး ။ ရှင်းရှင်းပြောရရင် တစ်ကြိမ်တစ်ခါမှ မမြင်တွေ့ဖူးဘူး ။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ရင်းနှီးနေသလို ခံစားနေရပြီး ထိုခံစားချက်ကြီးကို ယွင်ရှန့်နားမလည်နိုင်တော့ပေ ။ ထိုလူက သူ့ရဲ့ကျောပြင်နဲ့ ပေါင်အောက်သို့ လက်လျှိုကာ ပွေ့ချီထားခြင်းဖြစ်၍ ထိုအနေအထားက ယွင်ရှန့်ကို အနေရခက်စေသည် ။ တစ်လမ်းလုံးလဲ ဘာတစ်ခွန်းမှမဆိုသလို ခုဘယ်ခေါ်သွားလဲဆိုတာကိုလဲ ယွင်ရှန့်မသိဘူး ။

မိုခွန်းက ယွင်ရှန့်ကို သူ့ရဲ့အခန်းလေးအတွင်းသို့ ခေါ်သွားပြီး ထိုင်ခုံပေါ်သို့ အသာအယာချပေးလိုက်သည် ။ သူကဘာတစ်ခွန်းမှဆိုလာခြင်းမရှိပဲ ခြေထောက်က ဒါဏ်ရာကို ကုသပေးရန် ဆေးပုံးတစ်ခုကို ယူလာပြီး ယွင်ရှန့်ရဲ့အရှေ့တွင် ထိုင်လိုက်၏ ။ ထိုအချိန်မှာပဲ ယွင်ရှန့်က ထိုလူရဲ့အပြုအမူကြောင့် အံ့သြကာ ထိုင်နေရာမှ ထမိလျှက်သားဖြစ်သွားသည် ။ နာနေသည့် ခြေထောက်ကြောင့် ချက်ချင်းအောက်သို့ ပြန်ထိုင်မိသွားပြန်သည် ။ ထိုအခါမှ မိုခွန်းက ပြုံးလျှက် ယွင်ရှန့်အား ကြည့်ကာ ဆိုလာ၏ ။

" အကို့ကို အားနာစရာမလိုပါဘူး …… ညီမလေး ယွန်းဂျယ်အကြောင်း အကိုသိတယ် …… သူက ဒီကညီမကို တမင်တကာ လုပ်နေတာမှန်းလဲအကိုသိတယ် …… လုဖန်ကိုထိရင်သူမ မခံဘူး …… အကို့ညီလေးရဲ့အစား အကိုကပဲ တောင်းပန်ပါတယ် "

* တောင်းပန်ပါတယ် … ညီလေး … ဒါဆိုသူက လုဖန်ရဲ့အကိုဆိုတာလား … ဝါး … လုံးမယုံနိုင်စရာပဲ … ဘာကြောင့် ညီနဲ့အကိုက ဒီလောက်ကွာခြားနေရတာလဲ * ယွင်ရှန့်အံ့သြပြီး ဘာစကားမှ မဆိုနိုင်တော့ဘူး ။

တကယ်တော့ သူက အ,အ အဖြစ် ဟန်ဆောင်ထားခြင်းကြောင့်လဲပါသည် ။ သူ့ရင်ထဲမှာတော့ မေးစရာ မေးခွန်းတွေ များပြားစွာရှိနေ၏ ။ လုဖန်ဆိုသူက မာနကြီးပြီး ဘဝင်မြင့်သလောက် အကိုဖြစ်သူက မာနမထားတတ်သည့်အပြင် ဒုက္ခရောက်နေသူအားလဲ လူတန်းစား ခွဲခြားခြင်းမရှိ ကူညီတတ်ပြီး သူများခြေထောက်ကို ကိုင်တာကအစ တွန့်ဆုတ်ခြင်းမရှိသည်ကို တွေ့ရတော့ ယွင်ရှန့် မလေးစားပဲ မနေနိုင်တော့ပေ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now