Chapter - 36

65.4K 3.8K 620
                                    

Unicode
~~~~~~~

ရှောင်အိမ်တော်ကြီးအတွင်းမှာ နံနက်စာစားသုံးရန်အတွက် အိမ်ဖော်များကပြင်ဆင်နေကြသည် ။ ကြီးမားသည့်စားပွဲဝိုင်းပေါ်တွင် အငွှေ့တထောင်းထောင်းဖြင့် ကော်ဖီပူများ ထည့်ထားသည့်ခွက်များနှင့် မုန့်မျိုးစုံကို ချထားပြီး လူ ၃ ဦးထိုင်နေကြသည် ။

သခင်မကြီးက ကော်ဖီတစ်ငုံသောက်လိုက်ပြီး ခွက်ကိုစားပွဲပေါ်သို့ပြန်ချကာ ဒီနေ့အတွက် တာဝန်ကျသည့် စားဖိုမှုးအားခေါ်ယူ စစ်မေးလေတော့သည် ။

" ဒီနေ့ ကော်ဖီက ဘာကြောင့် အရတာပြောင်းနေတာလဲ "

စားဖိုမှုးက သခင်မကြီး စိတ်အလိုမကျဖြစ်နေတာကိုမြင်ရတော့ အနည်းငယ်ကြောက်ရွံ့စွာဖြင့် ပြန်ဖြေလာ၏ …

" ဒီနေ့ယွင်လေးမလာတဲ့အတွက် တခြားတစ်ယောက် ပြောင်းဖျော်ထားတာပါ သခင်မကြီး "

သခင်မကြီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း ကော်ဖီခွက်ကို ပြန်ပေးကာ စားဖိုမှူးအား မှားကြားလိုက်လေသည် ။

" ယွင်လေးကို သွားခေါ်ပြီး ကော်ဖီလာစပ်ပေးလို့ပြောလိုက် "

စားဖိုမှုကြီးက ချက်ချင်းမသွားပဲ မရဲတရဲပြန်ဖြေလိုက်လေသည် ။

" သခင်မကြီး …… ယွင်လေးက မနေ့ကတည်းကပျောက်နေတာပါ …… သူ့အခန်းထဲမှာလဲမရှိဘူး "

ထိုစဉ် အိမ်တော်ထဲသို့အဖြူ ရောင်ကားလေးတစ်စီးဝင်လာပြီး အိမ်ထဲသို့ဝင်လာသူကတော့ ရှောင်လီလီပင် ။  သူမက အခင်မကြီးအနားရောက်တော့ နှုတ်ဆက်လိုက်သည် ။ ပြီးသွားတော့ သူက ဘေးပတ်ဝန်းကျင်အား ဝေ့ကြည့်ပြီး လုဖန်နှင့် ယွင်ရှန့်ကိုမမြင်တော့မှ မေးလာသည် ။

" မမ တူလေးရော …… ပြီးတော့ ဟိုကောင်မလေးလဲမမြင်ပါလား "

သခင်မကြီးက စားဖိုးမှူးကို ပြန်လွှတ်လိုက်ပြီး ထိုင်ခုံပေါ်မှထကာ ဆိုလာသည် ။

" ဒီခလေးကတော့ ကိုယ်တိုင်သွားခေါ်မှဖြစ်တော့မယ် "

" ဘယ်ကိုလဲမမရဲ့ "

" ဘယ်ကိုဖြစ်ရမှာလဲ လီလီ …… မင်းတူက ယွင်လေးကိုခေါ်သွားပြန်ပြီထင်တယ် …… သူတို့မတွေ့ရအောင်ခွဲထားတာတောင် ဒီခလေးကပြောမနိုင်ဘူး …… အရင်ရွေးချယ်ခဲ့တဲ့ Doll လေးတွေဆို သူကိုယ်တိုင်ပဲနှိပ်ဆက်ပြီးမောင်းချခဲ့တာတွေကြီးပဲ …… ရှောင်သခင်လေးရဲ့ ဒီပုံစံကို အပြင်ပေါက်ကြားရင် ဘယ်လောက်နာမည်ပျက်လိုက်မလဲ …… ဒီမိန်းကလေးက အပြင်မှာလဲ လူတွေတွေ့သွားကြပြီ …… ဒါကြောင့် အိမ်တော်မှာ ထိန်းသိမ်းထားတာ …… သူတို့ခြေလွန်လက်လွန်တွေ ဖြစ်လို့မဖြစ်ဘူး "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now