Chapter - 92

37.1K 3.3K 188
                                    

Unicode
~~~~~~~

" မင်း ... ဘယ်သူ ...... "

ထိုလူကိုမြင်လိုက်ရသည့်အခါ သူ့ရဲ့အမေးဝါကျမဆုံးလိုက်ပဲ သူ့ရဲ့အသံတွေနဲ့ လှုပ်ရှားမှုအရာအားလုံး ရပ်တန့်သွားလေသည် ။ သူ့ရဲ့လက်ဖဝါးနုနုလေးအား လှမ်းဆွဲခြင်းခံလိုက်ရသောကြောင့် ယွင်ရှန့်အနောက်သို့ဆုတ်ခွာသွားမိသည် ။ လှပကျော့ရှင်းသည့် မျက်နှာတစ်ခုက သူ့အားပြုံးကာကြည့်နေ၏ ။ နောက်ဘယ်တော့မှတွေ့ရလိမ့်မည်မဟုတ်တော့ဘူးဟု တွေးထင်ထားသည့်လူတစ်ယောက်အား ယွင်ရှန့် တွေ့လိုက်ရခြင်းကြောင့် လွန်စွာအံ့သြသွားလေသည် ။

" ရှောင်လုဖန် "

လုဖန်လက်တွေက ယွင်ရှန့်အား သူ့အနားကနေထွက်မသွားစေရန် တင်းတင်းဆုပ် ကိုင်ထားလေသည် ။ ယွင်ရှန့်အသိပြန်ဝင်လာတော့မှ သူ့ရဲ့အံ့သြမှုတို့ကို ထိန်းချုပ်ကာ လုဖန်လက်ထဲကနေရုန်းထွက်လိုက်သည် ။

" မင်းဘယ်လိုရောက်လာတာလဲ လုဖန် ...... ခုချိန် Korea မှာရှိနေသင့်တာမဟုတ်ဘူးလား "

လုဖန်က ဝရံတာကို လက်ဖြင့်ထောက်ကာ စတိုင်ကျကျရပ်လိုက်ပြီး ယွင်ရှန့်အားစိုက်ကြည့်ကာဖြင့် ပြန်ဖြေလာ၏ ။

" ကိုယ်ခုပဲ ...... ပြန်လာတာ "

ခုမှယွင်ရှန့်သတိထားမိသည် ။ လုဖန်ပုံံက နေရင်းပုံစံနဲ့တူမနေပဲ ဝတ်စားထားတာက စတိုင်ကျကာ အထက်တန်းဆန်နေ၍ သူအနောက်ကနေကြည့်တော့ မမှတ်မိခဲ့ခြင်းဖြစ်သည် ။ လုဖန်ရဲ့လှပကျော့ရှင်းပြီး မြင်ရခဲသည့် ယခုပုံစံအား ယွင်ရှန့်တိတ်တိတ်လေးခိုးကြည့်နေမိသည် ။

" သခင်လေး ...... အထုပ်တွေ အထဲပို့ပေးရမှာလား "

အဆောင်မှူးက သရိုသသေဖြင့် လုဖန်အားမေးနေ၏ ။ လုဖန်က လက်ရမ်းပြရင်း ......

" မလိုဘူး ...... ကူညီချင်တယ်ဆိုရင် ခုပဲအခန်းရှေ့ကနေ ထွက်သွားပေးပါ "

အဆောင်မှုးထွက်သွားတော့မှ လုဖန်ရပ်နေရာမှ ယွင်ရှန့်အနားသို့လျှောက်လာ၏ ။ ယွင်ရှန့်က လုဖန်အာအကြည့်ချင်းမစုံပဲ ဘေးဘက်သို့လှည့်ကာ ဆိုလိုက်သည် ။

" မင်း ဒါတမင်လုပ်တာမှတ်လား ...... ငါ့ကိုနှောက်ယှက်လို့မဝသေးဘူးလား ...... မင်းကို ငါနဲ့လာမပတ်သပ်နဲ့လို့ပြောထားပြီးသားလေ "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now