Chapter - 57

54.5K 3.4K 396
                                    

Unicode
~~~~~~~

နာကျင်သည် ။ လှုပ်ရှားလို့မရနိုင်လောက်အောင်နာကျင်သည် ။ ခန္ဓာကိုယ်တစ်ခုလုံး ကြိမ်လုံးနဲ့အရိုက်ခံထားရသလိုမျိုး အပေါ်ကနေ ကြီးမားသည့်အရာတွေနဲ့ ဖိနှိပ်ခံထားရသမျိုး နာကျင်လှသည် ။

ယွင်ရှန့်အိပ်ယာမှနိုးထလာတော့ ထိုးကိုက်နေသည့်ခေါင်းနှင့်အတူ လက်မှာလဲပိုက်တန်းလန်းနဲ့ ကိုယ်အပူရှိန်ကလဲ အတော်လေးပြင်းနေပြီး ယွင်ရှန့်သေရတော့မည်ဟု စိတ်ထဲတွေးထင်မိလိုက်သည် ။

" ဒါ … ဒါက ဘယ်လိုဖြစ်တာလဲ …… မနေ့က ငါ့အခြေအနေအကောင်းကြီးပါ …… ဘာကြောင့် ဒီမနက်ရောက်မှ ကိုယ်တွေနာပြီး လှုပ်လို့မရတာလဲ …… အ့ … ကျွတ် … ကျွတ် "

ယွင်ရှန့်မူးဝေနေသည့်ခေါင်းအား လက်ဖြင့်ထောက်ထားရင်း ညည်းတွားနေ၏ ။ ထိုစဉ်တံခါးဖွင့်သံနှင့်အတူ ဝင်လာသူကတော့ လုဖန်ပင် ။

" နိုးနေပြီလား "

သူ့ရဲ့အသံက ယခင်ကလိုအေးဆက်ဆက်မနေပဲ အနည်းငယ်ရွှင်မြနေ၏ ။ သူ့ပုံစံကပြောင်းလဲခြင်းမရှိသော်လဲ မျက်ဝန်းတွေက တောက်ပနေသည်ဟု ယွင်ရှန့်ခံစားမိနေသည် ။

* ဒီလူရိုင်းကောင်ကို ဘယ်လိုအရာမျိုးက ညတွင်းချင်း ပြောင်းလဲအောင် လုပ်ဆောင်နိုင်တာလဲ *

မနက်ခင်းက လုဖန်နိုးထလာတော့ ခါးတွေနာနေပြီး အိပ်ယာကနေ ချက်ချင်းမထနိုင်ခဲ့ဘူး ။ သူ့ဘေးက ယွင်ရှန့်ကိုကြည့်လိုက်တော့ ကိုယ်တစ်ခုလုံးတုန်ရင်နေပြီး အပြင်းဖျားနေသည်ကိုတွေ့ရှိခဲ့သည် ။

ညကကိုယ်လက် သန့်ရှင်းပေးပြီးပြီဖြစ်၍ လုဖန်အဝတ်လဲပေးပြီး ဒေါက်တာပင့်ကာ ပြကြည့်တော့ ယွင်ရှန့်အားနည်းပြီး အတွင်းက အတွင်းသားနံရံတွေ ထိခိုက်သွားတဲ့အတွက် အဲ့ဒိနေရာကနာပြီး ဖျားသွားခြင်းဖြစ်သည်ဟုသိရသည် ။

ခုချိန်မှာ ဝမ်းချုပ်ဆေးနှင့် အစာကိုအရည်လေးပဲတိုက်ရမှာဖြစ်ပြီး အားရှိစေရန် အားဆေးပုလင်ကြီးတစ်ပုလင်းကို ချိတ်ပေးခဲ့သည် ။ ထိုဆေးကအစားမစားပဲ အားပြန်ပြည့်စေလိမ့်မည် ။ ဒီရက်အတွင်းတော့ ယွင်ရှန့်ဝမ်းမသွားမိစေရန် အတော်လေးဂရုစိုက်ပေးရမည်ဖြစ်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now