Chapter - 94

37.2K 3.2K 314
                                    

Unicode
~~~~~~~

" အာ့ …… ကျွတ်စ် …… ကျွတ်စ် "

ရွီမု ကိုက်ခဲနေသည့် နားထင်ကို လက်ဖြင့်ဖိနှိပ်ပြီး မျက်လုံးကိုဖြေးဖြေးခြင်းဖွင့်လိုက်သည် ။ ပြီးနောက် ရောက်ရှိနေသည့်နေရာအား အကဲခပ်ကြည့်လိုက်၏ ။ သူနှင့်မရင်းနှီးသောနေရာတစ်ခု  အေးစက်စက်ကုတင်တစ်ခု  မှောင်မိုက်သောအခန်းတစ်ခု  စိတ်ငြိမ်နေသောပတ်ဝန်းကျင် ဒါတွေအားလုံးက ရွီမုစိတ်ကို ပို၍ရှုတ်ထွေးသွားစေသည် ။

" မုလေး … နိုးလာပြီလား "

အသံကြားရာအရပ်ကို လှည့်ကြည့်လိုက်တော့ အခန်းတံခါးပွင့်လာကာ သူ့ဆီကိုလျှောက်လှမ်းလာသည့်လူတစ်ယောက် ။

" ခများ "

ထိုလူက ရွီမုစကားကိုနားမတောင်ပဲ လက်ထဲကဖန်ခွက်ကို ရွီမုထံကမ်းပေးနေ၏ ။

" သောက်လိုက် …… ဒါမှမင်းရဲ့စိတ်တွေကြည်လင်လာမှာ "

ရွီမု ထိုခွက်ကို လှမ်းယူကာ တစ်ကြိတ်ထဲမော့သောက်လိုက်သည် ။  သူကမသောက်နိုင်သည့်အထဲမှာမပါပေမဲ့ မနေ့ညကသောက်လိုက်တာ စံချိန်ကျော်လွန်သွားခြင်းကြောင့် ယခုန်ိုးထလာတော့ အတော်လေးခံရခက်နေသည် ။  ပိုဆိုးတာက သူမှောက်သွားပြီးနောက်ပိုင်း ဘာတွေဆက်ဖြစ်လဲဆိုတာ မမှတ်မိတော့ချင်းပင် ။

ရွီမုက သူ့နားကထသွားကာ အခန်းလိုက်ကာနှင့် ပြတင်းပေါက်တွေကိုဖွင့်ပြီး အလင်းရောင်ရရှိစေရန် ပြုလုပ်ပေးနေသည့် ထယ်ယောင်းအား စိုက်ကြည့်နေ၏ ။ ယခုပတ်ဝန်းကျင်အနေအထားနှင့်ဆို နေ့လည်လောက်ပင်ရောက်နေပြီထင်၏ ။ ရွီမုက ဖန်ခွက်ကိုစာပွဲပေါ်တင်ပြီး ထမည်ပြင်လိုက်တော့ သူ့ခန္ဓာကိုယ်အောက်ပိုင်းအနေအထားကြောင့် လိပ်ပြာလွင့်မတတ်လန့်သွားကာ ငယ်သံပါအောင်အော်လေတော့သည် ။

" အားးး …… လူယုတ်မာကြီး …… ခများကိုသတ်မယ် "

သူ့ကိုယ်ပေါ်မှာ ဘာအဝတ်အစားမှရှိမနေသည်ကို ရွီမုခုမှသိသွားခြင်းဖြစ်သည် ။ ထယ်ယောင်းက ဟက်ကနဲရယ်ရင် ရွီမုအနားလျှောက်လာကာ ဆို၏ ။

" ဘာတွေဒီလောက်တောင် လန့်နေတာလဲ ……မင်းရဲ့ကောင်သေးသေးလေးက ဒီလောက်လဲကြောက်စရာမကောင်းပါဘူး "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now