Chapter - 46

50.4K 3.9K 352
                                    


Unicode
~~~~~~~

တိတ်ဆိတ်ငြိမ်သက်ခြင်းတို့ ကြီးစိုးနေသည့်အခန်းကျဉ်းလေးထဲတွင် ယီရှင်းတစ်ယောက် ဘီယာဘူးကိုလက်တစ်ဖက်ကကိုင်ထားရင်း ကျန်လက်တစ်ဖက်မှာတော့ လက်စွပ်ဘူးလေးကိုကိုင်ဆောင်ကာ ရီဝေနေသော မျက်ဝန်းများဖြင့် ဘူးလေးထဲက လက်စွပ်အား  ကြည့်နေ၏ ။

" အွန်းး  …… အွန်းးး "

တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလိုက်သည့်ထိုအသံကတော့ ခုတင်ပေါ်က လူသား၏ အော်သံပင်ဖြစ်သည် ။  ယီရှင်း လက်စွပ်ဘူးကိုပြန်ပိတ်ကာ ချလိုက်ပြီး လက်ထဲက ဘီယာဘူးကို နံရံအား ပစ်ပေါက်လိုက်ရင်း ရူးမိုက်စွာ အော်နေမိသည် ။

" အားးးးး  "

ပြီးနောက် ထိုင်ခုံပေါ်မှထလာပြီး အဖြူ ရောင်မွှေ့ယာခင်ထားသည့် ခုတင်ရှိရာသို့ တစ်လှမ်းခြင်းလျှောက်လှမ်းလာသည် ။ အဖြူ ရောင်မွှေ့ယာထပ်ရှိ အဖြူ ရောင်စောင်ပါးပါးလေးအား ဖွဖွလေး ဆွဲမလိုက်သည့်အခါတွင် အနီရောင်ကြိုးများဖြင့် ချုပ်နှောင်ထားခြင်းခံရသည့် ကိုယ်လေးပေါ်လာ၏ ။ ပါးစပ်ကိုပါ စည်းနှောင်ထားခြင်းကြောင့် ထိုလူသားက သူ့ရဲ့မျက်ဝန်းတွေနဲ့ စကားပြောနေရှာသည် ။ ခန္ဓာကိုယ်၌လဲ ဘာအဝတ်မှ ရှိမနေခြေ ။

ယီရှင်းရဲ့ ရီဝေနေသည့် မျက်ဝန်းလေးများက ထိုလူသားရဲ့ ကိုယ်အနှံ့ ရှုကြည့်နေပြီး သူ့ရဲ့လက်သွယ်သွယ်လေးတွေက ထိုလူသားရဲ့ဆံနွယ်လေးတွေကို ဖွပေးနေသည် ။ အသက်ရှုသံဖျော့ဖျော့လေးကြားနေရသည့် ထိုလူသားရဲ့မျက်နှာလေးနားကိုကပ်ကာ ဝင်လေထွက်လေများကို ခံစာနေပြီးနောက် ယီရှင်း ပြုံးမိလိုက်၏ ။

" ကိုကိုသတိရလာပြီလားဟင် "

အမှန်ပင်ထိုလူသားက ဟေးယောင်ဖြစ်သည် ။ ဟေးယောင်ဟာ ယီရှင်းရဲ့ လုပ်ရက်တွေကိုနားမလည်နိုင်စွာဖြင့်ကြည့်နေပြီး တုန့်ပြန်ခြင်းမရှိခြေ ။ ယီရှင်းက ဟေးယောင် ပါးလေးကို ဖွဖွလေးကိုင်လိုက်တော့ ဟေးယောင် တဖက်သို့လှည့်သွားသည် …

" ဒါက အိမ်မက်မက်နေတာမဟုတ်ဘူးပဲ …… ကိုကို ကျွန်တော့အနားကနေ ဘယ်တော့မှ ထွက်ခွာမသွားရဘူး …… ကိုကို့ကို သွားခွင့်မပြုဘူး …… ကျွန်တော့ရဲ့ ရင်ခွင်ထဲမှာပဲ နေရမယ် …… ကိုကိုကျွန်တော့ကိုပဲချစ်ရမယ် …… အမြဲထာဝရ ကိုကို့ကို ကျွန်တော်ပဲ ပိုင်ဆိုင်ရမယ် "

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now