Unicode
~~~~~~~" ငါ့ကိုပြန်လွှတ်ပေး …… ခွေးတိရစ္ဆာန်ကောင် "
သူမအခန်းထဲမှာ အပိတ်ခံထားရတာဟာ တစ်ပတ်မျှ ကြာမြင့်ခဲ့ခြေပြီ ။ ရှောင်အိမ်တော်ကလဲ သူမအဆောင်မှာနေတယ်ဆိုတဲ့အသိနဲ့ မရှာဖွေခဲ့ကြဘူး ။ ခုချိန်မှ သူမပျောက်ဆုံးနေသည်ကိုပင် မည်သူမှ သိမည်မဟုတ်ခြေ ။ သူမရဲ့အိမ်မက်တွေက အောင်မြင်ကျော်ကြားသည့် ဒီဇိုင်နာတစ်ဦးဖြစ်ရန် ။ သို့ပေမဲ့ လက်ရှိအခြေအနေက သူမအိမ်မက်တွေကို ရိုက်ချိုးပစ်ခဲ့သည် ။
ယွန်းဂျယ်က သူများအပေါ် မနာလိုဝင်တိုစိတ်ရှိပေမဲ့ သူမဝါသနာနဲ့ပတ်သပ်လာရင်တော့ စိတ်ရင်းနဲ့ကြိုးစားပြီး အောင်မြင်မှုကိုရယူချင်တဲ့ စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်ဖြစ်သည် ။ ယခုလိုအခန်းကျဉ်းထဲမှာ ပိတ်လှောင်ခံစားရတာက အိမ်မက်တွေပျောက်ဆုံးနေသည့် လူတစ်ယောက်နဲ့ အလားသဏ္ဍာန်တူညီလှ၍ သူမရူးလောက်အောင်ဒေါသထွက်နေ၏ ။ သူမအတွက် ထိုဒေါသက အထောက်အကူမဖြစ်ခဲ့ပေ ။
ရိလောင်ဝေ့ဆိုသူက ဒီတစ်ပတ်လုံးသူမကို သရဲလိုစောင့်ကြည့်နေပြီး တစ်ခါတစ်ရံခွေးတစ်ကောင်ပမာဆက်ဆံသေးသည် ။ လှပနေသည့်သူမမျက်နှာဟာလဲ ခုချိန်မှာ လှပခြင်းတွေကင်းမဲ့နေ၏ ။ ဖျောင့်ဆင်းနေသည့်သူမဆံနွယ်တွေဟာလဲ ငှက်သိုက်ပမာ ရှုတ်ထွေးနေ၏ ။ သူမဝတ်ဆင်ထားသည့် ခေတ်မှီလှပပြီး ဗိုလ်ဆန်သည့် အဆင်တန်ဆာ နဲ့ အဝတ်တွေဟာလဲ လုံယုံမျှဖုံးထားနိုင်သည်ထိ ပျက်စီးနေ၏ ။
ဒီတစ်ပတ်လုံး သူမ ရိလောင်ဝေ့သိမ်းပိုက်ခြင်းမခံရလေအောင် အစွမ်းကုန်ကြိုးစားထားခြင်းဖြစ်သည်။ ထိုခုခံမှုအတွက် သူမပေးစပ်ရတာက လှပသည့်အသားအရေပေါ်က ကြိမ်လုံးဒါဏ်အဆင်းများပင်ဖြစ်သည် ။ တစ်ကြိမ်တစ်ခါမှ ထိုသို့နာကျင်မှုမျိုးမရရှိခဲ့၍ ယွန်းဂျယ်အော်ကာရူးမတတ်ငိုမိသည်ထိ ခံစားရသည် ။ ခုချိန်မှာ သူမထိုလူကိုအော်ဆဲယုံသာသတ်နိုင်တော့သည် ။
ယွန်းဂျယ်တစ်ယောက် ကုတင်ပေါ်မှာ ဒူးကိုဖက်ထားကာ ထိုင်နေရင်း စောင်အပါးလေးကို လွှမ်းခြုံထားလေသည် ။ သူမအကြည့်တွေက အောက်သို့စိုက်ရောက်နေပြီး ဒီတစ်ကြိမ်ရော သူမကို ဘယ်လိုနည်းလမ်းတွေနဲ့ ထပ်နှိပ်စက်မလဲ ရင်ထိတ်စွာဖြင့် စောင့်ဆိုင်းနေရသည် ။
ESTÁS LEYENDO
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )