Unicode
~~~~~~~ခွဲစိတ်ခန်းဝင်ရန် အားလုံးအဆင်သင့်ဖြစ်နေခြေပြီ ။ အခန်းလေးထဲတွင် ဟေးယောင်မိဘများ ထယ်ယောင်းမိဘများနှင့် ရွီမုတို့အားလုံးရှိနေကြသည် ။ရှင်း ခွဲစိတ်ခန်းဝင်ရန် အဆင်သင့်ဖြစ်နေသည့် ဟေးယောင်အား လက်လေးကိုဆုပ်ကိုင်ပြီး စထင်မှာကြားလေတော့သည် ။
" ကိုကိုမကြောက်နဲ့နော် ကျနော်အနားမှာအမြဲရှိနေမယ် ......ကိုကိုအထဲဝင်ပြီးရင် ကျနော့စီပြန်လာခဲ့ရမယ်နော် ......ကျနော်ကိုကိုပြန်အလာကို စောင့်နေမယ် "
ဟေးယောင်း ခေါင်းအား ညှင်သာစွာငြိမ်ပြလိုက်သည် ။ ထိုအခါ ရှင်းက ဟေးယောင်းလက်လေးအား လွှတ်ပေးလိုက်ပြီး ကုတင်ဘေးတွင်ထိုင်ကာ ဟေးယောင်အား ထူမပေးလိုက်သည် ။ပြီးနောက် တစ်စုံတစ်ရာကို အရေးကြီးပြောရန် အနားနားတို့ ကပ်လာ၏ ။
" ကိုကို့မွေးနေ့က ဘယ်နေ့လဲ မှတ်မိလား "
ဟေးယောင်က ခေါင်းငြိမ့်လိုက်ပြီး ......
" အင်း နောက်တပတ်လို့ ထင်တာပဲ "
" ဟုတ်တယ်ကိုကို ...... ကျနော်ကိုကို့မွေးနေ့ပွဲလေး ကြင်းပဖိုးပြင်ထားမယ် ... ကိုကိုပြန်လာခဲ့ရမယ်နော် "
ဟေးယောင် ရှင်းရဲ့လည်ပင်းအားဆွဲယူကာ ဖက်လိုက်သည် ။
" ကိုယ်ပြန်လာခဲ့မယ်ရှင်းစောင့်နေပေးပါနော် ......ကိုရှင်းစီပြန်လာခဲ့မယ် "
ပထမတစ်ကြိမ်ခွဲစိတ်တုန်းက အသက်ရှင်သန်ရန် မျှော်လင့်ချက်မထားခဲ့၍ နာကျင်မှုကို မခံစားခဲ့ရသော်လဲ ယခုတစ်ကြိမ်၌ ပြန်လာမှဖြစ်မည်မို့ စိတ်လှုပ်ရှားကာ ဤနာကျင်မှုကို ကြောက်ရွံ့မိပြန်သည် ။ သို့ပေမဲ့ ဒေါက်တာအားလုံးက ထယ်ယောင်းအပါအဝင် သူအယုံကြည်ရဆုံးသူတွေမို့ အနည်းငယ်စိတ်သက်သာရာရခဲ့သည် ။ ဟေးယောင်းက သူ့ရဲ့ နဘေးမှာရပ်နေသည့် ထယ်ယောင်းကိုကြည့်ကာ မေးလိုက်သည် ။
" ကျနော်မသွားခင် ကျနော့ကိုအသည်းလှူမဲ့အလှူရှင်ကို တွေ့ခွင့်ရှိမလား "
ထယ်ယောင်းက ကြိုးစားပြုံးရင်း ......
" ပြီးရင်သိရမှာပေါ့ ... ခုကိုယ့်ကိုယ်ကိုသာ ဂရုစိုက်ပါ ...... ဟေးကျန်းမာလာတာနဲ့ တွေ့ခွင့်ပေးမယ် "
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )