Unicode
~~~~~~~အိမ်တော်ကြီးထဲတွင် လုဖန် ယွင်ရှန့်နှင့် မယ်မယ်ကြီးတို့ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြသည် ။ ယွင်ရှန့်ရင်ခွင်ထဲတွင် အဖြူရောင်အမွေးပွခွေးလေးကို ပိုက်ထားလေသည် ။ မယ်မယ်ကြီးက ယွင်ရှန့်နှင့်လုဖန်အား တစ်ချက်ဝေ့ကြည့်လိုက်ပြီး လုဖန်မေးချင်နေသည့်မေးခွန်းကို ကြိုသိနေ၍ တစ်ချက်ပြုံးသွားကာ သူ့ရဲ့အကြည့်တွေက ယွင်ရှန့်ထံရပ်တန့်သွားလေသည် ။
" သူလား မြေးလေးရှာနေတဲ့သူက "
လုဖန်က အပျော်လွန်ပြီး ဘာပြောရမည်မသိ၍ ခေါင်းငြိမ့်ပြလိုက်သည် ။ ပြီးနောက် အဖွားက ဆက်၍ဆိုလာ၏ ။
" မနက်စောက မြေအောက်ခန်းထဲကနေ ပြေးထွက်လာတဲ့ဒီကောင်လေးကို ဖေးဖေးက အတင်းလိုက်ကပ်ပြီး တံခါးဝကနေထွက်မသွားအောင်တားနေတာ …… အဖွားလဲ ထူးဆန်းတာနဲ့ အိမ်တော်ထဲဘယ်လိုရောက်နေတာလဲ မေးကြည့်တော့ ပြန်မဖြေဘူးလေ …… ဖေးဖေးလေးကလဲ သူ့အနားကမခွာတော့ အဖွားလဲလွှတ်ပေးထားလိုက်တယ် …… သူကဘယ်သူလဲမြေးလေး …… အဖွားသူ့ကိုရင်းနီးနေသလိုပဲ "
အဖွားက ယွင်ရှန့်အားကြိုးစားကာကြည့်နေ၏ ။ ထိုအခါတွင် ယွင်ရှန့်က ရင်ခွင်ထဲက ဖေးဖေးကိုအောက်ချလိုက်ပြီး အတိတ်မှာ သူ့အပေါ်ကောင်းခဲ့သည့် အဖွားအနားသို့ တိုးကပ်သွားပြီး ပြန်ဖြေလိုက်သည် ။
" ကျနော်ပါ …… ဖြူလုံးလေး "
မယ်မယ်ကြီး မျက်လုံးအပြူးသားဖြင့် အံ့အားသင့်သွားကာ ယွင်ရှန့်လက်လေးအား ဖွဖွလေးကိုင်လိုက်သည် ။ ဖြူလုံးလေးကိုသူသိတာပေါ့ ။ အစွဲအလမ်းကြီးလွန်းတဲ့ မြေးလေးရဲ့ဖြူလုံးလေး ။ ဖြူလုံးလေပျောက်ကွယ်သွားတဲ့နောက်ပိုင်း လုဖန်အရူးတစ်ပိုင်း ဖြစ်သွား၍လဲ ဖြူလုံးလေးကို ပြန်ရှာဖို့ကြိုးစားခဲ့ဖူးသည် ။ အတိတ်ကဖြစ်ရပ်ဆိုပေမဲ့ ထိုအိမ်မက်ဆိုးတွေကြောင့် မြေးငယ်လေးနဲ့ ခွဲရသည့်အတွက် မမေ့နိုင်ခဲ့ပေ ။ ခုတော့ ဖြူလုံးလေးလဲပြန်လာသလို မြေးငယ်လေးပါပြန်ရောက်လာသည့်အတွက် မယ်မယ်ကြီး ပျော်ရွှင်နေ၏ ။
" ကောင်းတယ် …… ဖြူလုံးလေးပြန်လာပြီ …… ငါ့မြေးလေးလဲ ပျော်ရွှင်ရပြီ "
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )