Unicode
~~~~~~~တဂွီဂွီမည်နေသောအသံနှင့်အတူ ရွီမု ဆာလောင်စွာဖြင့်နိုးထလာခဲ့သည် ။ သူ့အတွက်တော့ အဆာငတ်ခံတာက အလေ့အကျင့်မရှိသည့်အတွက် အတော့ကိုခံရခက်လှသည် ။ တစ်နပ်မှ မစားတာမျိုးမဟုတ်ပေမဲ့ ထယ်ယောင်းခွင့်ကြွေးရင်သူမစားပဲငြင်းဆိုပြီး ထယ်ယောင်း အပြင်ထွက်သွားရင်တော့ ကြိုးတုတ်ထားသည့်လက်ဖြင့် ကြိုးစားကာ မရမကယူစားသည် ။ ဒီလိုနေလာခဲ့တာ တစ်ပတ်လောက်ရှိနေပြီမို့ ရွီမုရဲ့ကိုယ်သေးသေးလေးက နကိုကထက်ပိုသေးကာ ရုန်းကန်ရန် အင်အားပင်ကျန်ရှိမနေတော့ပေ ။
* တောက် … ခွေးကောင် … ငါလွတ်တာနဲ့ ဒင်းကိုအရှင်ဖမ်းပြီး ဖြေးဖြေးချင်းသတ်ပြမယ် *
" ဗိုက်ဆာနေပြီလား "
အငွှေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲပန်းကန်တစ်လုံးကိုကိုင်ဆောင်ကာ ထယ်ယောင်းအခန်းတွင်းဝင်လာ၏ ။ မွှေးပြန့်သည့်ခေါက်ဆွဲရနံ့က ရွီမုအား ဆွဲဆောင်နေပြီး ခေါက်ဆွဲအပေါ်က ပုစွန်ကွေးတွေက လက်ယက်ခေါ်နေသလိုပင် ရွီမုခေါက်ဆွဲပန်းကန်အား မျက်တောင်မခပ်စိုက်ကြည့်ကာ ပို၍ဆာလောင်ပြီး စတွေးများ အကြိမ်ကြိမ်မျိုချနေမိသည် ။ ယခု သူကျိန်ဆဲနေသည်ပင် ဘယ်ရောက်သွားမှန်းမသိတော့ပေ ။
ထယ်ယောင်းက စားပွဲပေါ်သို့ ခေါက်ဆွဲပြုတ်ခွက်ကို ချလိုက်ပြီး ကုတင်ဘေးတစ်ဖက်စွန်း၌ ဝင်ထိုင်လိုက်သည် ။ ပြီးနောက် သူက ဆာလောင်နေသည့် ရွီမုအား စိုက်ကြည့်ကာဆိုလာ၏ ။
" ဆာလောင်မှုရဲ့အရသာက ဘယ်လိုနေလဲ ……သေချာကြည့်တော့ ချာတိတ်မင်းက ကိုယ်ထင်ထားတာထက် အတော်လေးကိုသေးတာပဲ "
ရွီမုက စောင်အပါးလေးသာလွှမ်းခြုံထားသည့်သူ့ကိုယ်လေးကို စိုက်ကြည့်နေသည့်ထယ်ယောင်းအား လက်သီးဖြင့် ပြစ်ကျွေးချင်လောက်အောင်ဒေါသထွက်နေ၏ ။
" ဟေ့လူကြီး ခများကျနော့ကို ဘယ်ချိန်ထိချုပ်ထားမှာလဲ ……ကျနော့မှာ စာမေးပွဲရှိသေးတယ်လို့ပြောနေတာ မကြားဘူးလား …… ခုလွှတ်ပေးရင်လွှတ်ပေး မဟုတ်ရင်တော့ ခများကို အရိုးတစ်ခြား အသားတစ်ခြားဖြစ်သွားအောင်လုပ်ပြစ်မယ် "
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )