Unicode
~~~~~~~ချစ်ခြင်းမေတ္တာဆိုတဲ့ လူတွေရဲ့ဆွဲလမ်းမှုစိတ်လေးက ကိုယ်နှစ်သက်တဲ့လူတစ်ယောက်ကို အတ္တနဲ့သိမ်းပိုက်မယ်ဆိုရင် ထိုပျော်ရွှင်မှုက ယာယီသာခံမည်ဖြစ်ပြီး လွှမ်းမိုးထားတဲ့အတ္တတွေကြောင့် စစ်မှန်တဲ့အချစ်တွေက အဝေးသို့ ထွက်ပြေးသွားတတ်ကြသည် ။
ဥပမာ ......
ပိုင်ဆိုင်ချင်တဲ့အတ္တကြောင့် မတရားသောနည်းလမ်းနဲ့သိမ်းပိုက်ခြင်း ......
ကိုယ်နဲ့ ဝေးကွာသွားမှာကြောက်တဲ့အတ္တကြောင့် ဖမ်းချုပ်ထားခြင်း ......
ကိုယ်တစ်ယောက်ထည်းကိုသာ အရေးပေးခံချင်တဲ့အတ္တကြောင့် သူချစ်ခင်ရတဲ့ အနားမှာရှိတဲ့သူတွေအားလုံးကို မောင်းထုပ်ခြင်း ......
ဆုံးရှုံးရမှာကြောက်တဲ့ အတ္တကြောင့် တခြားသူရဲ့ဆန္ဒကိုမရှုကြည့်ပဲ အနားမှာ ကပ်သွယ်နေခြင်း ......
ကိုယ့်တစ်ယောက်တည်းကိုသာ ချစ်စေချင်တဲ့အတ္တကြောင့် ခံစားချက်တွေကို ထည့်မတွက်ပဲ အချစ်ကို အတင်းရယူခြင်း ......
ကိုယ့်ကိုမချစ်တော့မှာကြောက်တဲ့အတ္တကြောင့် ရူးသွတ်စွာချုပ်နှောင်ထားခြင်း ......
ထိုအတ္တဆန်တဲ့အချစ်တွေဟာ အဆုံးသတ်၌ ခွဲခွာခြင်းဖြင့်သာ အဆုံးသတ်ရလိမ့်မည် ။ စစ်မှန်တဲ့အချစ်ကိုတော့ သင်ဘယ်တော့မှ ရရှိလိမ့်မည်မဟုတ်ချေ ။ သင့်ဘက်က စစ်မှန်တဲ့အချစ်နဲ့ တန်ဖိုးထား ချစ်ပြမှတာလျှင် စစ်မှန်တဲ့အချစ်နဲ့ ပျော်ရွှင်စရာဘဝလေးကို ထာဝရပိုင်ဆိုင်နိုင်လိမ့်မည် ။
*******
" ကိုကို ... ကိုကို ... အ့ ... "
ထိုးကိုက်လာသော နားထင်ကို လက်ဖြင့်ဖိနှိပ်ရင်း ရှင်းအိပ်ယာမှ နိုးထလာလာခြင်း ဟေးယောင်အား ရှာဖွေနေမိသည် ။
" သတိရလာပြီလား "
အသံလာရာအရပ်ကိုကြည့်မိတော့ သူ့ရဲ့နဘေးမှာ ငြိမ်သက်စွာရပ်နေတဲ့လူတစ်ယောက် ... ထိုသူကတော့ အိမ်တော်ထိန်းဦးလေးကြီးပင်ဖြစ်သည် ။ အနောက်တွင်မူ သူခန့်အပ်ထားသည့် အစောင့်များ ခေါင်းငုံ့ကာရပ်နေပြီး ဟေးယောင်ကိုတော့ ရှာမတွေ့ခြေ ။
ESTÁS LEYENDO
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )