Unicode
~~~~~~~
မှုန်ဝါးဝါးအမြင်အာရုံတွေက သူမရဲ့ အိမ်မက်ကမ္ဘာထဲ၌ လွင့်ပျံနေ၏ ။ အသားဖွေးဖွေးလေးနှင့် ပြည့်ပြည့်ဖောင်းဖောင်း ချစ်စရာရင်သွေးလေးကို သူမရင်ခွင်ထက်၌ ပွေ့ဖက်ထားလေသည် ။ သို့ပေမဲ့ သူမရဲ့နဘေးမှာတော့ တစ်စုံတစ်ယောက်မှရှိမနေခဲ့ပေ ။ သနားစရာသားလေးရဲ့အကြည့်တွေက သူမနှလုံးသားကို နာကျင်သွားစေသည် ။ သူမလုံးဝကိုအထီးကျန်ဆန်နေပြီး တစ်ယောက်မှ သူမဘက်မှာရှိမနေတော့သလို ခံစားလာရသည် ။ ပြီးနောက် သူမလက်ထဲကရင်သွေးလေးဟာ စကားပြောနိုင်သည့် အရွယ်ရောက်သွားလေ၏ ။
" မေမေ ... ဖေဖေကဘယ်သူလဲဟင် "
သူမရင်တခုလုံး တုန်လှုပ်သွားမိသည် ။ အကူအညီမဲ့နေသည့် မျက်လုံးလေးနဲ့ကြည့်နေသည့် သားငယ်လေးရဲ့အမူအယာက ပျော်ရွှင်မှု မြူမှုန်ခန့်မျှရှိမနေခြေ ။
" မေမေလိမ်တယ် ...... သားဖေဖေက လူဆိုးကြီးတဲ့ ...... အဟင့် "
ငိုရှိုက်သံလေးနဲ့ သားလေးရဲ့အမူအယာတွေက သူမရင်အား အစိမ်းလိုက်ခွဲလိုက်သလိုပင် ။ ပြီးနောက် သူမအိပ်ယာမှ နိုးထလာခဲ့သည် ။ သူမပါးပြင်ပေါ်၌ မျက်ရည်များစီးကျနေပြီး ပူဖောင်းနေတဲ့ ဝမ်းဗိုက်လေးကို အသာအယာပွတ်နေမိသည် ။
" သားရယ် "
ဒီနေ့ သူမဆေးရုံသို့ကိုယ်ဝန်ပြရင်း စစ်ဆေးခဲ့ရာ သူမရင်သွေးလေးက သားလေးမှန်း သိရှိခဲ့ရသည် ။ တစ်ဆက်ထည်း ထိုသားလေးက သူမလုပ်ရပ်တွေ မှားယွင်းနေကြောင်း ထောက်ပြလိုက်လေသည် ။
* ငါရွေးချယ်တဲ့လမ်းက ငါ့သားလေးအတွက် မပျော်ရွှင်နိုင်ဘူးပဲ ... ငါ့ရဲ့လိမ်ညာမှုတွေ ပေါ်သွားခဲ့ရင် အားလုံးက စွန့်ပြစ်သွားကြမှာလား ... ငါနဲ့သားလေးကိုလေ *
သူမ ဗိုက်လေးကိုပွတ်သပ်ကာ အကူအညီမဲ့စွာ ငိုကြွေးနေမိသည် ။ ပြီးနောက် သူမအိပ်ယာပေါ်ကနေထကာ အခန်းအပြင်သို့ထွက်လာခဲ့သည် ။ ခုချိန်ဆို လုဖန် စားဖိုဆောင်မှာ အလုပ်ရှုတ်နေလိမ့်မည်ဖြစ်၍ သူမအပေါ်ထပ်သို့တက်လာခဲ့လိုက်သည် ။ လုဖန်က ယွင်ရှန့်ကို ဖမ်းချုပ်မထားတော့ဘူးဟု ကတိပြုကာ ယခင်ကလို တင်းကြပ်မထားတော့ပေ ။ အခန်းအပြင်ထွက်ခွင့်ပေးပြီး အိမ်တော်ရဲ့ အောက်ထပ်ကလွဲပြီး အပေါ်ထပ် ကြိုက်တဲ့နေရာကို သွားလာခွင့်ပေးထားခဲ့သည် ။ သူမအခန်းထဲဝင်ကြည့်ပေမဲ့ ဘယ်သူမှရှိမနေသောကြောင့် ခေါင်မိုးထပ်သို့ တက်လာခဲ့လိုက်သည် ။
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )