Chapter - 135

25K 2.1K 127
                                    

Unicode
~~~~~~~

Chapter - 77

တိတ်ဆိတ်ငြိမ်သက်လှသည့် အခန်းကျဉ်းလေးထဲမှာ နန်းလီတစ်ယောက် အထီးကျန်စွာထည်ရှိနေ၏ ။ တုတ်နှောင်ထားသည့်ကြိုးတွေက တင်းကြပ်နေပြီး အသားများပင်ထုံကျင်လာသည် ။ သူမ ထိုအခန်းထဲရောက်နေခဲ့တာ တစ်ရက်ခန့်မျှ ကြာမြင့်ခဲ့ခြေပြီ ။ သူမမှတ်မိသလောက်ဆိုရင် မေလျန်နဲ့အတူ ပွဲအတွက်လိုအပ်တာလေးတွေ ဝယ်ရန်အတွက် စျေးဝယ်ထွက်စဉ်က အမည်မသိလူတစ်စုရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံခဲ့ရသည် ။

သူတို့ ၂ ဦးကို လမ်းကြားထဲခေါ်ဆောင်လာပြီးနောက် မေလျန်အား သတိလစ်သည်ထိ ရိုက်ကာ ထားပစ်ခဲ့သည် ။ သူမထိုအရာကိုပြန်တွေးမိတိုင်း ပူလောင်လာသည့် စိုးရိမ်စိတ်တွေကြောင့် တုတ်နှောင်ထားသည့်ကြိုးတွေကနေ အတင်းရုန်ကန်နေမိတော့သည် ။

" မမမေ အဆင်ပြေမှာပါနော် ... မမ ညီမလေးကို ခွင့်လွှတ်ပါ "

သူမဘာကိုမှမတတ်နိုင်တော့မှန်းသိလိုက်ချိန်တွင် သူမပါးထက်တွင် မျက်ရည်များ ချောင်းစီးသည့်အလား ကျဆင်းလာ၏ ။ ရုတ်တရပ်ဖြစ်ပေါ်လာသည့် ထိုကံဆိုးမှုက သူမအားရူးမတတ်ခံစားရစေသည် ။ ထိုအချိန်မှာပဲ တိတ်ဆိတ်နေသည့်အခန်းထဲသို့ ဝင်လာသည့် လူအုပ်ရဲ​့ ခြေသံများ ကြားလာရပြီး သူမခေါင်းထောင်ကြည့်လိုက်သည် ။ သူမရဲ့မိခင်နှင့်အတူ သူမ မမြင်တွေ့ဖူးသည့် လူများ သူမအရှေ့တွင် ရပ်နေကြသည်ကို တွေ့လိုက်ရသည် ။ ထိုထဲကမှ အသက်အကြီးဆုံးဖြစ်သည့်သူက သူမအားစိုက်ကြည့်ပြီး ...

" ကျစ် ငယ်ငယ်လေးရှိသေးသာပဲ "

သူမက ထိုလူအား စူးရဲစွာကြည့်လိုက်ပြီး ...

" ရှင်ကျွန်မကိုသိလို့လား "

ပြီးနောက် သူမမိခင်ကို တဖန်ကြည့်ကာ ...

" ရှင်ကရော ဒီမှာဘာကြောင့်ရှိနေတာလဲ ...... ကို့သမီးကို ပြန်ပေးဆွဲခိုင်းတာပေါ့လေ "

" နန်းလီ … မသိပဲ ရှောက်မပြောနဲ့ "

နန်းလီ သူမမိခင်ဘေးက လူအားကြည့်လိုက်တော့ ထိုလူက မိခင်လက်ကို ချိတ်ကိုင်ထားသည့်အတွက် အခြေအနေကို သူမသဘောပေါက်သွားပြီး ခါးသက်စွာပြုံးလိုက်သည် ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now