Unicode
~~~~~~~လီယွန်းဂျယ် ~ ~ ~ ~
အမြဲတန်း သူမစိတ်ထဲမှာ ကိန်းအောင်းနေသည့် အိမ်မက်တစ်ခုရှိခဲ့သည် ။ ငယ်စဉ်အခါကလို မပြည့်စုံသည့် ဘဝမျိုးမှာ လူတကာရဲ့ ကဲ့ရဲ့ခြင်းကိုခံရသည့်အဖြစ်မျိုးကိုကျော်လွန်ပြီး သူမပါရမီနဲ့စစ်မှန်တဲ့အောင်မြင်မှုမျိုးရရှိကာ လူတစ်ကာရဲ့ချီးကြူးခြင်းကို ခံရမည့်သူမျိုးဖြစ်ရမည် ။ မပြည့်စုံသည့် သူမအတွက် ထိုအိမ်မက်မျိုး ဖြစ်မြောက်ဖို့အတွက်က လိမ်လည်လှည့်ဖြားမှသာ ရလိမ့်မည် ။ ဒါကြောင့် သူဌေးမိသားစုအိမ်မှာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ သမီးအဖြစ်ဟန်ဆောင်ကာ နေခဲ့သည် ။
ဒါက သူမအိမ်မက်အတွက် အထောက်အကူဖြစ်စေခဲ့ပေမဲ့ အမှန်တရားပေါ်လာခဲ့ရင်တော့ သူမဘဝချောက်နက်ထဲကြကာ ပြန်အဖက်ဆယ်၍ရတော့မည်မဟုတ်ခြေ ။ ယခင်က သူမထိုအရာတွေကိုမစိုးရိမ်ခဲ့ပေမဲ့ ခုနောက်ပိုင်း သူမအ်ိမ်မက်ထဲသို့ ထိုအရိပ်ဆိုးကြီးက အမြဲလိုလိုခြောက်လှန့်နေ၏ ။ ဒါ့အပြင် ရိလောင်ဝေ့ဆိုသူက သူမအား ချောင်းမြောင်းကာ အမြဲနှောက်ယှက်ခံနေရသည် ။ သူမရှောင်အိမ်တော်မှာမနေပဲ အခန်းငှားနေသည့်နောက်ပိုင်း သူမအရင်လို လုံခြုံမှုမရှိတော့သလို ခံစားလာရသည် ။
ဒါကြောင့် သူမပိတ်ရက်မှာ Korea ကိုထွက်လာပြီး Seoul မှာရှိတဲ့ လုဖန်အဖွား လီသခင်မကြီးထံ အကူအညီတောင်းရန် ဆုံးဖြတ်လိုက်သည် ။
🏯 Seoul 🏯
" မြေးလေး ယွန်းဂျယ် ဘယ်တုန်းက ရောက်လာတာလဲ "
" မနေ့ကဖွားဖွား …… သမီးစာမေးပွဲပြီးပြီးခြင်း မေမေတို့ကိုလွမ်းတာနဲ့ ပြန်လာခဲ့တာ "
လီဖွားဖွားက ယွန်းဂျယ်ကို မြေးအရင်းတစ်ယောက်လို ချစ်ခင်သည့်အတွက် လာသည်နှင့် လက်မလွှတ်တော့ပေ ။ သူမမှာက မြေးယောက်ျားလေးသာရှိပြီး မိန်းကလေးမရှိသည့်အတွက် ယွန်းဂျယ်ကို ခင်သွယ်နေခြင်းဖြစ်သည် ။
" မြေးမလေး ဘာအဆင်မပြေဖြစ်နေလဲ အဖွားကိုပြော "
ယွန်းဂျယ်က လီဖွားဖွားကိုဖက်သွယ်ထားရင်း ဟန်ပိုမူကာဖြင့် ဆိုလာ၏ ။
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )