Chapter - 96

37.1K 2.9K 243
                                    

Unicode
~~~~~~~

စာမေးပွဲဖြေဆိုမည့်နေ့ ……

" ယွင်ရှန့် … မင်းကြည့်ရတာ အေးဆေးပဲ ……အားလုံးအဆင်သင့်ဖြစ်နေပြီလား "

ရှင်းက ပျက်ရက်တွေတုန်းကစာတွေနောက်ကျခဲ့ခြင်းကြောင့် စာမေးပွဲရက်မှာအတော်လေးပင်ပန်းနေခဲ့သည် ။

" ရှင်း … မင်းလုဖန်ကိုမြင်လိုက်သေးလား ……သူဘယ်ရောက်သွားလဲမသိဘူး "

" ဟမ် … မင်းတို့က တစ်ခန်းထဲတူတူနေတာလေ ……ခုလဲတူတူလာကြတာပဲမဟုတ်လား ……ငါကဘယ်လိုသိမှာလဲ "

" သူအခန်းကထွက်လာတော့တူတူပဲ ……ကျောင်းရောက်တော့ ကားသွားထိုးမယ်ဆိုပြီး ငါ့ကိုထားခဲ့တာ …… ခုထိပြန်မလာသေးဘူး "

" ယွင်ရှန့် … ငါခုတလောကြည့်နေတာ …… မင်းလုဖန်ကို လုံးဝမှအပျောက်မခံဘူး ……မင်းသူ့ကိုအဖြေပေးလိုက်ပြီလား "

ယွင်ရှန့်က ရှက်ကိုရှက်ကန်းဖြစ်သွားပြီး ……

" ငါကဘာလို့သူ့ကိုအပျောက်မခံရမှာလဲ ……စာမေးပွဲကဖြေရတော့မယ် ……အတန်းခေါင်းဆောင်တစ်ယောက်အနေနဲ့ အတန်းသားကိုစ်ိတ်ပူယုံသပ်သပ်ပါ ……ငါသွားကြည့်လိုက်ဦးမယ် "

" မင်းကတော့တစ်ခုခုပဲ ……ကျန်တဲ့လူတွေလဲမစုံသေးပါဘူး ……ဘာလို့လုဖန်မှကွက်ရှာနေတာလဲ "

ယွင်ရှန့် ရှင်းရဲ့စကားတွေကို နားမထောင်ပဲ အခန်းအပြင်သို့ထွက်လာခဲ့သည် ။အရင်တုန်းက လုဖန်ဆိုတာ သူ့တစ်ယောက်တည်းကိုသာကြည့်ပြီး ဘယ်သူ့ကိုမှဂရုမစိုက်တတ်သူဖြစ်၍ ယွင်ရှန့်စိတ်ပူစရာမလိုခဲ့ဘူး ။ခုလုဖန်ကတော့ အရင်ကနဲ့လုံးဝခြားနားသွားကာ အားလုံးနဲ့စကားပြောဆိုတတ်လာပြီး ပြန်နှုတ်ဆက်တတ်လာသည် ။ တခါတရံ တပါးသူကြောင့် သူပြုံးရယ်နေတတ်ပြီး ထိုအပြုံးကို ယွင်ရှန့်သူတစ်ယောက်သာ ပိုင်ဆိုင်ချင်လာသည် ။ယခင်က လုဖန်ရဲ့အတ္တတွေက ယွင်ရှန့်ထံကူးစပ်လာ၏ ။ ဘာပဲဆိုဆို ယခင်ကမာနကြီးပြီး လူတွေကိုချေချေပဲနေတတ်သည့် လုဖန်ကိုပြန်လိုချင်မိလာသည် ။

ယွင်ရှန့်ကျောင်းအပြင်ကိုရောက်တော့ ဦးတည်ပြီးသွားနေမိတာက ကားများရပ်ထားသည့်နေရာသို့ ။ လုဖန်ဘယ်မှာရှိနေလဲမသိပေမဲ့ ယွင်ရှန့် စိတ်ထဲကနေအလိုလိုခံစားမိနေသည် ။ယွင်ရှန့်ခြေလှမ်း ၁၀ လှမ်းခန့်လျှောက်ပြီးနောက် ရပ်တန့်သွားလေသည် ။ သူ့ရဲ့အကြည့်တွေက တစ်နေရာတည်းကို စူးစိုက်ကာကြည့်နေပြီး သူ့ရဲ့မျက်နှာက အရောင်ပြောင်းလာ၏ ။

DOLL  ( 🚨 20+ 🔞🚨 )( Completed )Where stories live. Discover now