Chapter - 21

77.1K 3.9K 263
                                    

Unicode
~~~~~~~

" မင်း …… ဒီကိုဘာလာလုပ်တာလဲ ရွှီမု "

လုဖန်ရဲ့အသံက အေးစက်လှသည် ။ ယွင်ရှန့်သူ့ရဲ့ အရှေ့ကလူကို အကဲခတ်လိုက်တော့ ထိုလူပုံစံက အနောက်ကကြည့်ရင် ယီရှင်းနဲ့တူပေမဲ့ မျက်နှာနဲ့ အဝတ်အစားပုံစံကတော့ အနည်းငယ် ကွဲလွဲနေသည်ကို သတိထားမိလိုက်သည် ။

ရွှီမုနဲ့ လုဖန်ဟာ ငယ်စဉ်အခါက သိပ်ခင်တဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပေမဲ့ အဖေချင်းတွေ လမ်းလွဲကုန်ကြတော့ သူတို့ပါ တဖြေးဖြေးစိမ်းသွားပြီး နောက်ဆုံး ရန်သူများအဖြစ်သို့ သတ်မှတ်လိုက်ကြသည် ။

" ဟေး လုဖန် သူငယ်ချင်းကို ဒီလိုပဲ နှုတ်ဆက်ရလား "

ပြောရင်းဆိုရင်း ရွှီမုက လုဖန်အား ဂရုမစိုက်ပဲ အိမ်ထဲသို့ဝင်သွားလေ၏ ။ သူက အိမ်ကိုလျှောက်ကြည့်နေပြီးမှ ဆိုဖာပေါ်သို့ ပစ်ထိုင်ကာ ခြေချိတ်ထားလိုက်သည် ။ ရှောင်အိမ်တော်အပြင်ဘက်မှာ အစောင့်တွေရှိပေမဲ့ ရွှီမုဘယ်လိုဝင်လာလဲဆိုတာ လုဖန်စဉ်းစားမရဖြစ်နေ၏ ။

သို့ပေမဲ့လဲ အစောင့်တွေကို မခေါ်တော့ပဲ ပြဿ     နာ ပိုကြီးမသွားစေရန် ရွီမုအား လွှတ်ထားပေးလိုက်ပြီး လာရင်းအကြောင်းကိုသာ မေးမြန်လိုက်သည် ။

" ကျူးသခင်လေးက ရှောင်အိမ်တော်ကို ကိုယ်တိုင်ရောက်လာတယ်ဆိုတော့ အရေးကြီးကိစ္စရှိနေလို့များလား "

လုဖန်က ရွှီမုရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ပြီး မေးလိုက်ခြင်းဖြစ်သည် ။ ရွှီမုက လုဖန်အမေးကို မဖြေပဲ တဖက်သို့လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည် ။

" ဟေး …… ဟိုတစ်ယောက် ဘာကြောင့် ထွက်ပြေးသွားတာလဲ "

ယွင်ရှန့် ဒီနေရာမှ ရှိမနေသင့်ဘူးထင်၍ အပေါ်ထပ်ကို ပြန်တပ်ရန် သွားလိုက်သည့်အချိန်မှာ အနောက်ကနေ ရွှီမုက ခေါ်လိုက်ခြင်းကြောင့် ခြေလှမ်းများ ရပ်ကာ လှည့်ကြည်လိုက်၏ ။ သူ့စိတ်ထဲတွင်လဲ ထိုလူအကြောင်းကို သိချင်နေ၍ ပြန်သွားသင့်မသွားသင့်ကို လုဖန်မျက်နှာအား ကြည့်လိုက်တော့ တားစီးခြင်းမရှိသောကြောင့် အနောက်သို့ ပြန်လှည့်လာပြီး လုဖန်ဘေးရဲ့ ထိုင်ခုံပေါ်သို့ ဝင်ထိုင်မည်ပြုလိုက်ချိန်တွင် ……

DOLL  ( 🚨 20+ 🔞🚨 )( Completed )Donde viven las historias. Descúbrelo ahora