Unicode
~~~~~~~အိမ်မက်ဆိုးတစ်ခုက ဟေးယောင်ရဲ့နှစ်ခြိုက်စွာအိပ်မောကျနေခြင်းအား ထိပ်လန့်ခြင်းနဲ့အတူ နိုးထစေခဲ့သည် ။ သူအိမ်မက်ဆိုးမက်တဲ့အခါတိုင်း တော်တော်နဲ့ပြန်မအိပ်တတ်တော့ဘူး ။ တနည်းပြောရရင် အိပ်ရမှာကိုကြောက်သွားခြင်းကြောင့်ဖြစ်လေသည် ။
အိမ်မက်ထဲမှာ သူ့ကိုယ်တစ်ခုလုံးက မိုးပေါ်ကကျလာသည့်ရေစက်လေးတွေလို ထိကြည့်ယုံဖြင့် လွင့်ပျယ်သွားနိုင်သည့်သဏ္ဍာန်ရှိနေပြီး သူ့ရဲ့အရှေ့မှာ ဒူးထောက်ကာ ရှင်းအော်ငိုနေ၏ ။သူ့ရဲ့လက်တွေက ရှင်းရဲ့ဆံနွယ်လေးတွေကို ထိချင်ပေမဲ့ ထိလိုက်လျှင် ခန္ဓာကိုယ်တစ်ခုလုံးကွဲကြေသွားမည်ကိုကြောက်နေပြီး သူ့အား ကိုကိုဟုခေါ်ကာ ငိုနေသည့်ရှင်းကိုသာ ငေးကြည့်နေရသည် ။
သို့ပေးမဲ့ ရှင်းသူ့ကိုမမြင်နိုင်ပေ ။ ရှေ့သို့လှမ်းလာသည့် ရှင်းရဲ့လက်တွေက သူ့ကိုယ်လေးကို ထိုးဖောက်ပြီး ဟေးယောင်ရဲ့ခန္ဓာတစ်ခုလုံး အငွှေ့အဖြစ်ပျောက်ကွယ်ကာ သူ့အမြင်အာရုံထဲက ရှင်းရဲ့ပုံရိပ်လေးအားအမှောင်ထုကြီးက ဖုံးလွှမ်းသွားလေသည် ။
" မဖြစ်ရဘူး …… မဖြစ်ရဘူး …… ရှင်းကိုယ့်ကိုဆွဲထားပေးပါ ……ကိုယ်မင်းအနားမှာပဲနေချင်တယ် "
ဟေးယောင်တိုးတိုးလေး ရေရွတ်နေမ်ိသည် ။ ရှင်းရဲ့ အော်ငိုသံတွေက သူ့ရဲ့နားထပ်မှာ လွင့်ပျံနေပြီး ထိုအိမ်မက်ဆိုးက တကယ်များဖြစ်လာမလားဆိုပြီး ဟေးယောင်စိုးရိမ်စပြုလာသည် ။ ပြီးနောက် အတွေးပေါင်းများစွာဝင်ရောက်လာပြီး စိတ်တွေ ချောက်ခြားလာ၏ ။
မနက် ၆ နာရီရှိနေပေမဲ့ အာကာပြင်တခွင်လုံး မိုးရိပ်များ ရစ်မဲနေခြင်းကြောင့် အလင်းရောင်ထွက်ပေါ်မလာသေးပေ ။ ဟေးယောင် ဘေးနားကစားပွဲပေါ်က ရေဘူးကိုဆွဲယူပြီး ရေတစ်ငုံသောက်ကာ မောပန်းမှုကိုဖြေဖျောက်လိုက်သည် ။ ဘေးနားကိုကြည့်လိုက်တော့ ရှင်းရှိမနေတော့ပေ ။ ဒီအချိန်ဆို ရှင်းမနက်စာပြင်နေပြီမို့ အောက်ထပ်ကမီးဖိုခန်းထဲတွင် ရှိနေမည်မှာအသေအချာပင် ။ ဟေးယောင်အချိန်ဆွဲမနေပဲ ကုတင်ပေါ်ကနေထကာ အောက်ထပ်သို့အပြေးဆင်းလာခဲ့သည် ။
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )