Unicode
~~~~~~~ရှောင်အိမ်တော်တွင် ယွင်ရှန့်တစ်ယောက် သူ့ရဲ့အစစ်အမှန်ကို ဖော်ပြပြီးနောက် ယခင်ကထက်အလုပ်ပိုလာခဲ့သည် ။ လီလီကကိုယ်တိုင် အလှအပဖန်တီးမှုကို ဝါသနာပါသည့်အပြင် အစားအသောက်ဖန်တီးတာကိုလဲ ဝါသနာပါသူဖြစ်သည့်အတွက် သူမက ယွင်ရှန့်ရဲ့လက်ရာကို စွဲလမ်းသွားပြီး အမျိုးမျိုးချက်ပြုတ်ခိုင်းကာ နည်းယူသည် ။
မိုခွန်းက အလုပ်ကိုမနက်စာ အိမ်ကစားပြီးမှသွားလေ့ရှိပြီး နေ့လည်စားကိုပါ ချိုင့်နှင့်ပြင်ဆင်ပေးရသည် ။ ယွင်ရှန့်မှာ ထမင်းချိုင့်ပြင်ပေးရ လီလီလာတော့ တဖန်မီးဖိုခန်းထဲကနေ မထွက်ရနှင့် သူယောက်ျားလေးမှန်းပေါ်သွားသည့်နေ့ကနေ ၂ ရက်မြောက်တဲ့နေ့ထိ မနားရသေးပေ ။
" ယွင်လေး …… ဒီနေ့အစောကြီးထလာတာပဲ …… ကိုတို့အလုပ်ပိတ်တယ်လေ …… ထပ်ပြီးအိပ်ချင်ပြန်အိပ်လိုက်ပါလား "
မနက် ၆ နာရီထိုးမှာ အိပ်ချင်မူးတူဖြင့် ထလာသည့် ယွင်ရှန့်အား အပြင်သို့လေ့ကျင့်ခန်းထွက်လုပ်ရန်ပြင်နေသည့်မိုခွန်းက မြင်သွားပြီး မေးလိုက်ခြင်းဖြစ်သည် ။
" ဟင် … ဟုတ်လား …… ကျနော်မေ့နေတာ …… ကိုကိုခွန်းအတွက် ထမင်းချိုင့်ပြင်ပေးရမယ်ဆိုပြီးထွက်လာခဲ့တာ "
" ယွင်လေးလဲ ပင်ပန်းနေရောပေါ့ …… ကိုကို့အတွက် နောက်ဆိုမလုပ်ပေးလဲရပါတယ် "
" ကျနော့အတွက်အပန်းမကြီးပါဘူး …… ကျနော့ဦးလေးအိမ်မှာဆို ညီမလေးအတွက်တစ်ဘူး ဦးလေးနဲ့ ဒေါ်လေးအတွက်ပါ တစ်နေ့ ၃ ဘူးပြင်ပေးရတယ် "
မိုခွန်းရဲ့မျက်နှာမှာ ဝမ်းနည်းမှုတို့ကြီးစိုးလာပြီး လင်းအိမ်တော်မီးလောင်ပြီးနောက် ယွင်ရှန့်ဘယ်လိုဖြတ်သန်းခဲ့ရလဲဆိုတာ သိချင်လာမိသည် ။ ပြီးနောက် သူကချက်ချင်းပြုံးလိုက်ပြီး ယွင်ရှန့်အား မေးလိုက်သည် ။
" ဒါဆိုရင် ကိုနဲ့ ပတ်ပြေးရအောင် …… ယွင်လေးက လေ့ကျင့်ခန်းမလုပ်လို့ ခုလိုပုနေတာ "
အမှန်ပင် ယွင်ရှန့်အရပ်ဟာ မိုခွန်းရဲ့ ရင်ခွင်မှီအရပ်သာသာပင် ။ နှစ်ယောက်ဟာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြိုင်တူရယ်လိုက်ကြသည် ။ မိုခွန်းတစ်ယောက် ဒီလိုအချိန်တွေကို လွမ်းဆွတ်နေတာကြာခဲ့ပြီဖြစ်၍ သူ့အရှေ့ကလူသားအား အရိပ်တကြည့်ကြည့်ဖြင့် အပျောက်မခံဖြစ်ရချေပြီ ။
YOU ARE READING
DOLL ( 🚨 20+ 🔞🚨 )( Completed )
Romanceသက်မဲ့ DOLL မဟုတ်တဲ့မင်းက အထီးကျန်တဲ့ ကိုယ့်ဘဝအတွက် တောက်ပတဲ့ ကြယ်လေးပါ ... (Zawgyi + Unicode )